ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

စစ်ကော်မရှင်၏ ရာသီစာ ကျားဖြန့်ရုပ်ရှင်

ဒီလုပ်ငန်းတွေက ကြီးမားတဲ့အဆောက်အအုံတွေ၊ ခြံဝင်းတွေရှိမှ လုပ်လို့ရတာမဟုတ်ပါဘူး။ မြို့ကြီးတွေက တိုက်ခန်းတွေမှာ စိမ့်ဝင်နေရာယူလာတဲ့ ပုံစံမျိုးကိုလည်း ပြောင်းလဲလာနိုင်ပါတယ်။ ရှမ်းမြောက်ကလုပ်ငန်းတွေဟာ ရှမ်းတောင်နဲ့ ရှမ်းအရှေ့ကို ကင်ဆာဆဲလ်ပျံ့သလို ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေအထိ တစိမ့်စိမ့်နဲ့ ဝင်လာနိုင်ပါတယ်။ 

၂၀၂၅ ခုနှစ်ရဲ့ အောက်တိုဘာလနဲ့ နိုဝင်ဘာလတွေထဲမှာ မြန်မာတင်မက အိမ်နီးချင်းနိုင်ငံတွေအလယ် နိုင်ငံတကာသတင်းဌာနတွေအဆုံး ‘ကျားဖြန့်’လုပ်ကွက်တွေ ဖြိုခွင်းခံရတဲ့အကြောင်းကတော့ မစားရဝမခန်း အားပါးတရပြောကြတာပါပဲ။ အရှေ့တောင်အာရှက ကျားဖြန့်တွေကို အရေးယူဖို့ အမေရိကန်နိုင်ငံက အထူးအဖွဲ့ ဖွဲ့စည်းလိုက်တာတွေ၊ ကျားဖြန့်တွေကို တိုက်ဖျက်မယ်လို့ ကရင်အမျိုးသားတပ်မတော် KNA က ကြေညာလိုက်လို့ မြဝတီအခြေစိုက် ကျားဖြန့်ရုံတွေကနေ တရုတ်နိုင်ငံသားနဲ့ အိန္ဒိယနိုင်ငံသားအများစုပါဝင်တဲ့ နိုင်ငံခြားသား ၂,၀၀၀ ကျော် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးကြရတာတွေ၊ တချိန်တည်းမှာပဲ ရွှေကုက္ကိုမြို့သစ်ကို တွဲဖက်တည်ထောင်သူလည်းဖြစ်၊ ထိုင်းနိုင်ငံမှာဖမ်းဆီးခံထားရသူလည်းဖြစ်တဲ့ တရုတ်လူမျိုး၊ ကမ္ဘောဒီးယားနိုင်ငံသား ရှီကျီကျန်း (She Zhijiang) ကို တရုတ်နိုင်ငံကို လွှဲပြောင်းပေးတာ၊ ဒါတွေကြောင့် လူစိတ်ဝင်စားမှုတွေက မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ အမြင့်ဆုံးရောက်နေကြတဲ့ ကာလတွေပေါ့။

ဒီအဖြစ်တွေက မြန်မာနိုင်ငံမှာတော့ ပထမဆုံးအကြိမ်မဟုတ်ခဲ့ပါဘူး။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလက ကိုးကန့်မှာလည်း ဖြစ်ခဲ့ဖူးပါတယ်။ ကိုးကန့်က ဩဇာကြီးမားတဲ့ မိသားစုကြီးတွေကို တရုတ်အာဏာပိုင်တွေက လေယာဥ်ပေါ်ဆွဲတင်သွား၊ ကျားဖြန့်ခေါင်းဆောင်တွေအဖြစ် ရုံးထုတ်၊ မိသားစုလိုက် သေဒဏ်ချ၊ ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေလိုပါပဲ။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

ဒီအဖြစ်အပျက်တွေကို ပြန်သုံးသပ်ပြီး မြန်မာနိုင်ငံရဲ့ ကျားဖြန့်တိုက်ဖျက်ရေး ခေါင်းစဥ်အောက်က အားနည်းချက်နှစ်ခုကို ထောက်ပြချင်ပါတယ်။ မြန်မာမှာ ကျားဖြန့်ရဲ့ သဘောသဘာဝ ပြောင်းလဲလာပုံနဲ့ ကျားဖြန့်ဟာ ခိုင်မာတဲ့ပဋိပက္ခ စီးပွားရေးတခုအနေနဲ့ အမြစ်တွယ်နေပုံ နှစ်ချက်ပါ။ 

ပထမတချက်ကတော့ ကျားဖြန့်ဆိုက်တွေဟာ သေးငယ်ပေမဲ့ ပိုမိုကျယ်ပြန့်တဲ့ နေရာတွေကို  အသွင်ပုံစံပြောင်းလာပြီး ပြောင်းရွှေ့အခြေချ မိုဘိုင်းဖြစ်သွားကြတဲ့ အချက်ပါ။ ကျားဖြန့်လို့ ဆိုလိုက်တာနဲ့ တရုတ်ဆိုက်လို့ ခေါ်တဲ့ KK Park လို၊ ရွှေကုက္ကို မယ်ထော်သလေးလို ကြီးမားတဲ့ အဆောက်အအုံတွေကိုပဲ မြင်ယောင်ကြည့်လို့ မရပါဘူး။ ကျားဖြန့်လုပ်ငန်းတွေဟာ အင်တာနက်၊ လျှပ်စစ်မီးနဲ့ လုံခြုံရေးအကာအကွယ်ဆိုတဲ့ ရေသောက်မြစ်ကောင်းကောင်းရှိရင် ရှင်သန်နိုင်ပါတယ်။ ဒီလုပ်ငန်းတွေက ကြီးမားတဲ့အဆောက်အအုံတွေ၊ ခြံဝင်းတွေရှိမှ လုပ်လို့ရတာမဟုတ်ပါဘူး။ မြို့ကြီးတွေက တိုက်ခန်းတွေမှာ စိမ့်ဝင်နေရာယူလာတဲ့ ပုံစံမျိုးကိုလည်း ပြောင်းလဲလာနိုင်ပါတယ်။ ရှမ်းမြောက်ကလုပ်ငန်းတွေဟာ ရှမ်းတောင်နဲ့ ရှမ်းအရှေ့ကို ကင်ဆာဆဲလ်ပျံ့သလို ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေအထိ တစိမ့်စိမ့်နဲ့ ဝင်လာနိုင်ပါတယ်။ 

အရင်ကြုံဖူးတဲ့ ကမ္ဘောဒီးယားနဲ့ လာအိုမှာ ကြုံခဲ့ရတာမျိုးနဲ့ မတူဘဲ သဘောသဘာဝ ကွဲထွက်နေတာတခုကတော့ မြန်မာနိုင်ငံသားတွေကိုယ်တိုင် ကျားဖြန့်လုပ်ငန်းတွေကို တရားမဝင်လုပ်ငန်းမှန်းသိလျက်နဲ့ ငွေရလွယ်တာမို့ သာမန်ရုံးလုပ်ငန်းလိုမျိုး လုပ်ကိုင်လာတဲ့အချက်ပါ။ ဒီအချက်ဟာ မြန်မာနိုင်ငံက ဘယ်မြို့မှာမဆို ကျားဖြန့်အမြစ်တွယ်နိုင်ဖို့အတွက် ရေခံမြေခံကောင်း ဖြစ်နေစေပါတယ်။ ဒါကြောင့် ကျားဖြန့်တွေဟာ နယ်စပ်ဒေသတွေမှာတင်မဟုတ်ဘဲ မြို့ငယ်လေးတွေကအစ တောတွေထဲအထိ အိမ်ကနေတဆင့် အလုပ်လုပ်ရသလို အင်တာနက်ကွန်ရက်နဲ့ ချိတ်ဆက်လုပ်ကိုင်လို့ရနေတဲ့ နေရာတိုင်းမှာ ရှင်သန်နိုင်ပါတယ်။ ဒါကြောင့် ဒီလုပ်ငန်းတွေဟာ တနေရာတည်းကနေထိန်းချုပ်တဲ့ စနစ်မျိုးမဟုတ်ဘဲ ဗဟိုချုပ်ကိုင်မှုလျော့ကျတဲ့ စနစ်တခုအနေနဲ့ အသွင်ပြောင်းလှုပ်ရှားလာကြတာပါ။ 

ဒုတိယတချက်ကတော့ ဒီလုပ်ငန်းတွေဟာ မြန်မာနိုင်ငံမှာ ပဋိပက္ခစီးပွားရေး ရှင်သန်အမြစ်တွယ်နေကြောင်း မီးမောင်းထိုးပြနေပါတယ်။ ကျားဖြန့်လုပ်ငန်းတွေဟာ အပစ်အခတ်ရပ်စဲရေးကြောင့် စစ်စီးပွားရေးနဲ့ အကျိုးအမြတ်ဖြစ်ထွန်းခဲ့တဲ့၊ ဖြစ်ထွန်းနေဆဲဖြစ်တဲ့ မြန်မာနိုင်ငံမှာ တွင်ကျယ်နေခဲ့တာ ငါးနှစ်ခန့်ရှိနေပြီဖြစ်ပါတယ်။ အထူးသဖြင့်တော့ ကျားဖြန့်ရှင်သန်ကြီးထွားခဲ့တဲ့ မြန်မာနိုင်ငံက နေရာတွေကိုကြည့်မယ်ဆိုရင် နယ်စပ်ဒေသတွေလိုမျိုး တစုံတရာတည်ငြိမ်မှုပြီး ပဋိပက္ခတွေကနေလွတ်ကင်းရာနေရာတွေ၊ ဒါပေမဲ့ တရားဥပဒေရဲ့ စက်ကွင်းကနေ လွတ်မြောက်ရာ၊ တရားဥပဒေစိုးမိုးမှု လျော့ရဲရာဒေသတွေပါ။ စစ်ပွဲတွေဖြစ်နေရင် ဒီလိုလုပ်ငန်းတွေ လည်ပတ်ဖို့ မဖြစ်နိုင်ပါဘူး။ ဗဟိုအာဏာပြိုကျလာတော့ ဒီပေါင်းမြက်တွေက ပိုပြီးရှင်းရလင်းရ ခက်စေတာပါ။ ပြည်သူ့စစ်အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့ အသီးသီးက သူတလူငါတမင်း နယ်မြေစိုးမိုးနေတာကြောင့် ဒီလုပ်ငန်းတွေအတွက် အရေးတကြီး လိုအပ်နေတဲ့ လုံခြုံရေးအကာအကွယ်ကို လွယ်လင့်တကူ ရနိုင်ပါတယ်။ ဆိုလိုတာက ဒေသခံ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ သူ့ဒေသအတွင်းက ကျားဖြန့်တွေကို အကာအကွယ်ပေးနိုင်တဲ့သဘောပါ။

ပဋိပက္ခစီးပွားရေးတွေ မြင့်တက်နေတဲ့ မြန်မာမှာ ကျားဖြန့်ရဲ့ ဝင်ငွေအထောက်အပံ့ဟာလည်း စစ်အင်အားဖြည့်တင်းဖို့အတွက် ရင်းမြစ်တခုဖြစ်လာပါတယ်။ မြန်မာမှာ ကျားဖြန့်လုပ်ငန်းတွေ အမြစ်ပြတ်ဖို့ဆိုတာ အခက်အခဲပေါင်းစုံ ရောပြွမ်းနေတာပါ။ အခုလို ပြည်တွင်းစစ်ကာလမှာ တရုတ်နိုင်ငံနဲ့ အရှေ့တောင်အာရှ ငါးနိုင်ငံပူးပေါင်းပြီး ကျားဖြန့်ဖြိုခွင်းဖို့ အချက် ၂၁ ချက် ကို ဝန်ကြီးအစည်းအဝေးမှာ ထုတ်ပြန်လိုက်တော့ စစ်ကော်မရှင်အနေနဲ့လည်း မြဝတီက ပဋိပက္ခဇာတ်ကောင်တွေကို ရှမ်းမြောက်တုန်းကလို တရုတ်လက်ထဲ အပ်လိုက်ရမလား၊ သူ့လက်ထဲမှာပဲ ထိန်းထားရမလားဆိုတာ အတွေးများစေပုံပါ။ သူ့မှာလည်း ရွေးကောက်ပွဲလုပ်ဖို့ကလည်း ရှိနေသေးတော့ ကျားဖြန့်လုပ်ငန်း တိုက်ဖျက်နေပါတယ်ဆိုပြီး စစ်ကော်မရှင်ရဲ့ ပုံရိပ်ကိုပြန်လည်မြှင့်တင်ဖို့ ကြိုးပမ်းနေပုံရပါတယ်။ အမေရိကန်ပိတ်ဆို့မှုကတမျိုး၊ တရုတ်နိုင်ငံရဲ့ ဖိအားကတဖုံ၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ တိုက်တွန်းမှုတွေနဲ့ နိုင်ငံတကာအလယ်မှာ ငွေကြေးလိမ်လည်တဲ့နိုင်ငံဖြစ်လာတဲ့ ပုံရိပ်တွေကို ပြောင်းလဲချင်ပုံပါ။

ဒါပေမဲ့ လက်တွေ့မှာတော့ မြန်မာနိုင်ငံအတွင်းမှာ ကျားဖြန့်လုပ်ငန်းတွေဟာ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေပါပြီ။ ကျားဖြန့်ဆိုတဲ့ လုပ်ငန်းမျိုးကလည်း နိုင်ငံတနိုင်ငံတည်းက ဖြိုခွင်းလိုက်ရင် အခြားနိုင်ငံကို နိုင်ငံဖြတ်ကျော် ထွက်ပြေးသွားတဲ့ မိချောင်းခေါင်းထု ကစားပွဲသဏ္ဌာန်ဖြစ်ပါတယ်။ ဒါကြောင့် စည်းမျဥ်းတင်းကျပ်တဲ့ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဥပဒေမျိုးကို နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေနဲ့ အကောင်အထည်ဖော်ဖို့ လက်ငင်းလိုအပ်နေပါတယ်။ အုပ်ချုပ်ရေးပိုင်းကို တာဝန်ယူထားတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ရုပ်ရှင်ဆန်တဲ့ အဖြစ်အပျက်တွေအပေါ်မှာပဲ အာရုံစိုက်စိတ်အာသာဖြေနေတာထက် လက်တွေ့ကျကျချဥ်းကပ်နိုင်တဲ့ နယ်စပ်ဖြတ်ကျော်မူဝါဒတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ လုံခြုံရေးမူဝါဒချမှတ်ရေးအပေါ်မှာ ပိုပြီးဂရုပြုသင့်ပါတယ်။ ​

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles