ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
POV

အတိတ်ဒုက္ခ၊ ပစ္စုပ္ပန်ဒုက္ခ၊ အနာဂတ်ဒုက္ခ

ပြည်သူတွေရဲ့ဒုက္ခကို နိုင်ငံရေးအမြတ်ထုတ်ခဲ့ကြတာ ကြာခဲ့ပါပြီ။ ဒီပြည်သူလူထုဟာ ခဏလောက်ဖြစ်ဖြစ် ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ရခြင်းနဲ့ ထိုက်တန်ပါတယ်။ အခုလိုမျိုး လက်တွေ့ဒုက္ခရောက်နေတဲ့အချိန်မှာ လက်ရှိဒုက္ခကိုပဲ ဖြေရှင်းကြရအောင်ပါ။ အတိတ်ကိုကော၊ အနာဂတ်ကိုကော ခဏမေ့ထားကြပါမယ်။ ဒီလိုပြောလို့လည်း ဆဲကြ၊ ဆိုကြဦးမှာပါ။ သေချာပါတယ်။

မြန်မာနိုင်ငံအကြောင်းကို စဉ်းစားလိုက်ရင် ဒုက္ခတွေပဲ များပါတယ်။ သတင်းပဲ ဖတ်မလား၊ လူမှုကွန်ရက်ကိုပဲ ကြည့်မလား၊ မိသားစုကိုပဲ ဖုန်းဆက်မလား၊ ကြားရတာက ‘ဒုက္ခ’တွေပါ။ ဒီဟာတွေက ထင်ယောင်ထင်မှားတွေ မဟုတ်ပါဘူး။ တကယ်လက်တွေ့မျက်တွေ့ ခံစားကြရတာပါ။ ဒါနဲ့တပြိုင်တည်း ကြားရတာက နိုင်ငံရေးသမား၊ စစ်ခေါင်းဆောင်တွေရဲ့ မစားရဝခမန်းပြောကြတဲ့ ‘မျှော်လင့်ချက်’တွေပါ။ 

ဒီနိုင်ငံမှာစစ်ဖြစ်နေတာ နှစ်များစွာ ကြာပါပြီ။ တခါမှ ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ နေ့ရက်ရယ်လို့ မရှိခဲ့ရပါဘူး။ အတိတ်ကဒုက္ခကို စုတ်တသပ်သပ်ပြောပြီး ပစ္စုပ္ပန်ဒုက္ခကိုမေ့ထားရသလို အနာဂတ်ဒုက္ခကို အကြောင်းပြပြီး လက်ငင်းဒုက္ခကိုလည်း ဖဲကြဉ်ထားရတာပါ။ အခုလည်း စစ်ကိုင်း၊ မန္တလေးကို အခြေပြုပြီး ငလျင်ကြီးလှုပ်တော့ လူတွေသေကြေကြရပါတယ်။ ဘယ်ဘယ်ကမှ အကူအညီကောင်းကောင်းမရပါဘူး။ စာတွေတသီတတန်းကြီးတွေထုတ်ပြီး’ဒုက္ခ’တွေကို ပြည်သူတွေပဲ ခါးစည်းခံကြရတာပါ။ 

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

နိုင်ငံရေးယုံကြည်ချက်ကြောင့်ပဲဖြစ်ဖြစ်၊ မခံချင်စိတ်ကိုအရင်းခံပြီး ပုန်ကန်ထကြွတာပဲဖြစ်ဖြစ်၊ အမျိုးသားရေးဆိုင်ရာ နာကြည်းချက်ကြောင့်ပဲဖြစ်ဖြစ်၊ ရပိုင်ခွင့်အတွက် တိုက်ပွဲဝင်တာပဲဖြစ်ဖြစ် ဒါတွေအားလုံးဟာ စိတ်အယားပြေအောင် တိုက်ခိုက်တာ၊ ဒါမှမဟုတ် လက်စားချေတိုက်ခိုက်တာမျိုး မဟုတ်ပါဘူး။ နောင်ကျရင်တော့ ဒါမျိုးမဖြစ်အောင်၊ အပြောင်းအလဲဖြစ်အောင်၊ တချိန်မှာ ပိုကောင်းတဲ့အနာဂတ်ကို ရရှိအောင်၊ ဒါမှမဟုတ် အနာဂတ်မှာ ဒုက္ခမရောက်အောင်အတွက် စနစ် ဒါမှမဟုတ် အပြောင်းအလဲတခုခုကို ဖန်တီးကြရတာပါ။ ဒီအပြောင်းအလဲဟာ သိပ်ကြာနေပြီ၊ ဒီအပြောင်းအလဲကြောင့် တစုံလုံးပျက်စီးနေပြီဆိုရင် လုပ်နေတဲ့ နည်းလမ်းကို ပြန်ပြီးဆန်းစစ်ရမှာကို လူပြိန်းတွေတောင် သိနိုင်ပါတယ်။ ရှုပ်ထွေးပွေလီနေတာမျိုး မဟုတ်ပါ။ ဂိမ်းသီအိုရီလိုမျိုး မရှုပ်ထွေးပါဘူး။ နောက်ပြီးတော့ လူ့အဖွဲ့အစည်းတခုလုံး လက်ရှိကာလ ဒုက္ခအတိရောက်နေတဲ့အချိန်မှာ အထူးသဖြင့် အသက်ရှင်သန်ရပ်တည်ရေးအတွက် ခက်ခဲကြတဲ့ အချိန်မှာ အနာဂတ်အတွက်ဆိုတဲ့အရာကို အကြောင်းပြပြီး အချင်းချင်းတိုက်ခိုက်နေကြတာက ဘယ်လိုမှ နားလည်လို့မရနိုင်ပါဘူး။ ကျန်တဲ့အချိန်မှာ အချင်းချင်းသတ်ကြရင်တောင် ဒီအချိန်မှာ ခဏရပ်ဖို့ လိုအပ်ပါတယ်။

ဒီနိုင်ငံမှာ အတိတ်ကဒုက္ခတွေကို အကြောင်းပြပြီး အချင်းချင်းလည်း အတော်သတ်ခဲ့ကြပြီးပါပြီ။ အနာဂတ်မှာဖြစ်လာမယ့် ဒုက္ခကို ရှောင်နိုင်ဖို့အတွက်လည်း အချင်းချင်း အတော်သတ်ခဲ့ကြပြီးပါပြီ။ ဒီတခါတော့ လက်ရှိဒုက္ခတွေကို ခဏလေးဖြေရှင်းဖို့ ပစ်တာ၊ ခတ်တာ၊ သတ်တာ၊ ဖြတ်တာ ခဏရပ်ကြရအောင်ပါ။ အခုဖြစ်နေတဲ့ ငလျင်ဘေးဒုက္ခက ကြီးပါတယ်။ ယိုင်နဲ့နေတဲ့ လူ့အဖွဲ့အစည်းဟာ ခြေထိုးခံလိုက်ရသလို ဟပ်ထိုး လဲကျသွားမှာပါ။ အခုအချိန်မှာသာ အချင်းချင်းမကူကြရင် အချိန်အတော်ကြာတဲ့အထိ ပြန်ထနိုင်မှာ မဟုတ်ပါဘူး။ အခုဒီနိုင်ငံမှာ ဘယ်သူမှတော့ သူတော်စင်၊ သူတော်ကောင်း၊  ခြောက်ပစ်ကင်းသဲလဲစင် ဟုတ်မနေပါဘူး။ လူတိုင်းရဲ့လက်မှာ သွေးစွန်းနေကြတာပါ။ ဒါကို အရမ်းကြီးလည်း မေတ္တာကရုဏာရှင် အထာဖမ်းပြီး သူတော်ကောင်းလုပ်မနေကြပါနဲ့လို့ပဲ ပြောရပါလိမ့်မယ်။ 

အခုအချိန်မှာ အလုပ်သင့်ဆုံးက လက်နက်ကိုင်အဖွဲ့တွေအားလုံး ခဏလောက် အပစ်အခတ်ရပ်စဲရေးကို အချိန်တခုပဲဖြစ်ဖြစ်၊ ပုံစံတခုခုနဲ့ပဲဖြစ်ဖြစ် ခဏလုပ်ကြပါ။ ဒီပြဿနာကို ဖြေရှင်းပေးနိုင်ဖို့အတွက် အချင်းချင်းပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာအကူအညီကိုလည်း ‘ဘယ်သူရလို့၊ ဘယ်ဝါရလို့’ဆိုပြီး အချင်းများမနေဘဲ ရတဲ့အကူအညီကို လိုအပ်တဲ့နေရာတွေဆီ ချက်ချင်းပို့ဖို့ အရေးကြီးပါတယ်။ အဓိကအရေးကြီးတာက ဒီပြဿနာကို နိုင်ငံရေးအမြတ်မထုတ်ကြပါနဲ့လို့ပဲ ပြောရမှာပါ။ ပြည်သူတွေရဲ့ ဒုက္ခကို နိုင်ငံရေးအမြတ်ထုတ်ခဲ့ကြတာ ကြာခဲ့ပါပြီ။ ဒီပြည်သူလူထုဟာ ခဏလောက်ဖြစ်ဖြစ် ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ရခြင်းနဲ့ ထိုက်တန်ပါတယ်။ အခုလိုမျိုး လက်တွေ့ဒုက္ခရောက်နေတဲ့အချိန်မှာ လက်ရှိဒုက္ခကိုပဲ ဖြေရှင်းကြရအောင်ပါ။ အတိတ်ကိုကော၊ အနာဂတ်ကိုကော ခဏမေ့ထားကြပါမယ်။ ဒီလိုပြောလို့လည်း ဆဲကြ၊ ဆိုကြဦးမှာပါ။ သေချာပါတယ်။ 

အခုလိုမျိုး အရာရာ အပျက်ဘက်ကို ဦးတည်နေတဲ့ ကမ္ဘာကြီးမှာ နိုင်ငံတိုင်းက ကိုယ့်နိုင်ငံ၊ ကိုယ့်အကျိုးစီးပွားကိုပဲ ဖန်တီးနေကြတာပါ။ ဒုက္ခရောက်ရင်တောင် ကိုယ့်ပြည်သူရဲ့ဒုက္ခကို ကိုယ့်ဘာသာပဲ ဖြေရှင်းကြရတာမျိုးပါ။ ဘယ်နိုင်ငံအစိုးရ၊ ဘယ်အဖွဲ့အစည်းကမှ ထိထိရောက်ရောက်ကူညီနိုင်ဖို့ မလွယ်ကူပါဘူး။ ဒီကမ္ဘာကြီးထဲမှာ ရှင်သန်ကျန်ခဲ့တဲ့သူတွေဖြစ်အောင် ကိုယ့်ဘာသာပဲကြိုးစားကြရမှာပါ။ ကူညီရင်တောင် အနည်းဆုံးအစိတ်အပိုင်းလောက်ပဲ ဖြစ်မှာပါ။ လူ့သမိုင်းဟာ ဒီလိုပဲလည်ပတ်နေခဲ့တာပါပဲ။ နိုင်ငံတိုင်းက ရှိသမျှ အရင်းအမြစ်တွေကို အသုံးချပြီး ​ရှင်သန်ရပ်တည်နိုင်ဖို့ ကြိုးစားနေကြတဲ့အချိန်မှာ ကျနော်တို့ကတော့ တယောက်နဲ့ တယောက် အချင်းချင်းသတ်ပြီး ဖျက်ဆီးနေကြတာပါပဲ။

တော်လှန်ရေးဟာ ကြီးမြတ်ပါတယ်။ မှန်ကန်ပါတယ်။ ကြီးမြတ်သလောက်လည်း အကုန်အကျများပါတယ်။ လူ့အသက်တွေ၊ စည်းစိမ်ဥစ္စာတွေ၊ ဘဝတွေ၊ သွေးတွေ၊ ချွေးတွေကို စတေးကြရတာပါ။ ဒီလို လုပ်နေကြရတဲ့ ရည်ရွယ်ချက်ကို တခုတည်းပြောပါဆိုရင် အနာဂတ်မှာ ကိုယ့်ပြည်သူတွေ လုံလုံခြုခြုံနဲ့ ကောင်းကောင်းမွန်မွန်၊ ဂုဏ်သိက္ခာရှိရှိ နေနိုင်ဖို့ပါပဲ။ ဒါပေမဲ့ အခုက ချက်ချင်းလက်ငင်း ဒုက္ခရောက်နေပါတယ်။ ဒီဒုက္ခကို မဖြေရှင်းနိုင်ရင် မနက်ဖြန်မှာ ကောင်းကောင်းနေနိုင်ဖို့အတွက် စဉ်းစားချိန်တောင် မရဘဲ သေဆုံးသွားနိုင်ပါတယ်။ ဒါကြောင့် အတိတ်ကဒုက္ခကို ခဏလေးမေ့ထားပါ။ အနာဂတ်ဒုက္ခကို သိပ်ပြီးမတွေးပါနဲ့ဦး။ အခုဒုက္ခကိုဖြေရှင်းနိုင်အောင်ပဲ သတ်တာ၊ ဖြတ်တာ၊ ပစ်တာ၊ ခတ်တာ ခဏရပ်ကြရအောင်ပါ။ ပြီးမှ ဆက်ဆုံးဖြတ်ကြပါ။

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles