ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
Essay

သစ်သီးခူးကြသူများ

“မက်ဆေ့ချ် (ပညာပေးအချက်အလက်)၊ ဖျော်ဖြေရေးနဲ့ ဗဟုသုတ” ဆိုတာထက် ပိုမိုတဲ့ တန်ဖိုးတွေကို “သစ်သီးခူး”မှာ မြင်တွေ့ရနိုင်တယ်။ အနုပညာတန်ဖိုး၊ ယဉ်ကျေးမှုတန်ဖိုး၊ မြန်မာ့လူနေမှုဘဝတန်ဖိုး၊ သမိုင်းတန်ဖိုးနဲ့ မြန်မာအမျိုးသမီးများရဲ့လူနေမှုဘဝတန်ဖိုးတွေကို ထင်ဟပ်စေတယ်။ လက်ရှိ အသက်ရှင်ရပ်တည်နေတဲ့ မြန်မာတွေအကြောင်းကို ပြောပြနေတယ်။ ဒီတန်ဖိုးတွေထက် ပိုမိုကြီးမားတဲ့တန်ဖိုးကတော့ ရသအနုပညာခံစားမှုကတဆင့် ဘဝအသိအမြင်ကို ရစေတယ်ဆိုတဲ့ တန်ဖိုးပါ။

“သစ်သီးခူး”ဆိုတဲ့ မြန်မာရုပ်ရှင်ဇာတ်ကား နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ဆုရသွားတယ်လို့ သတင်းတွေ ကြီးလာတယ်။ ဆုရသွားတဲ့ ရုပ်ရှင်မှာ နာမည်ကြီး ဈေးကွက်ဝင် သရုပ်ဆောင်တွေ မပါဝင်ပါ။ ရုပ်ရှင်ဒါရိုက်တာမှာလည်း အလွန်နာမည်ကြီး ထင်ရှားသူမဟုတ်ဘဲ ရုပ်ရှင်မျိုးဆက်အရ ငယ်ရွယ်သူတဦးသာ ဖြစ်တယ်။ “သစ်သီးခူး” ရုပ်ရှင်ဒါရိုက်တာ‘အောင်ဖြိုး’ဟာ သူ့ရုပ်ရှင်ဇာတ်လမ်းအတွက် ၁၅ နှစ်နီးပါး အချိန်ပေးခဲ့တယ်။ နိုင်ငံတကာရုပ်ရှင်စင်မြင့်ထက်မှာ အောင်မြင်မှုရခဲ့တယ်။

အညာဘက်ဒေသတွေက အမျိုးသမီးတွေဟာ သင်္ကြန်အပြီး မိုးမကျခင်မှာ ရွာနီးနားက သစ်ပင်ကြီးတွေဆီ သစ်သီးခူး ထွက်လေ့ရှိကြတယ်။ ယာစည်းရိုးကန်သင်းတွေမှာ စိုက်ထားလေ့ရှိတဲ့ သရက်ပင်တွေဟာ မိုးလေကျလာတဲ့အခါ အသီးတွေကြွေလို့ ပစ်လိုက်ရတတ်တယ်။ ဒါကြောင့် သရက်သီးတွေကို ကြိုခူးပြီး မှည့်လာအောင် အုပ်ထားလေ့ရှိတယ်။ ဒါကို အစွဲပြုပြီး သူ့ရုပ်ရှင်ကို “သစ်သီးခူး” လို့ ‘အောင်ဖြိုး’က အမည်ပေးခဲ့တယ်။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,

ရန်ကုန်မြို့ အထည်ချုပ်စက်ရုံတခုမှာ အလုပ်လုပ်ကြရင်း ရင်းနှီးသွားကြတဲ့ အမျိုးသမီးငယ်နှစ်ယောက်ရဲ့ လက်တွေ့ဘဝနဲ့ အိပ်မက်တွေ၊ မျှော်လင့်ချက်တွေနဲ့ အခက်အခဲပြဿနာတွေကြားက ရုန်းကန်ရှင်သန်ရင်း တဦးနဲ့တဦး နီးကပ်လာခြင်း၊ ဝေးကွာလာခြင်းစတဲ့ အကြောင်းတရားတွေအကြားက အညာကို ပြန်ချင်နေတဲ့ ရန်ကုန်ရောက်အညာသူလေးရဲ့ အိမ်လွမ်းစိတ်အပါအဝင် ချစ်ရသူကို အတူလိုက်ပါစေလိုတဲ့ စိတ်ဆန္ဒတွေကို “သစ်သီးခူး” က ကိုယ်စားပြုနေတယ်။ ဘဝတကွေ့မှာ တခဏသာ နီးစပ်သွားတဲ့ အမျိုးသမီးငယ်နှစ်ယောက်ရဲ့ မေတ္တာဘွဲ့ အနီးအဝေးခံစားချက်တွေ၊ လူမှုဘဝခံစားချက်တွေ၊ ငယ်ဘဝမေတ္တာငံ့လင့်မှုတွေ၊ ကျပ်တည်းမှုတွေအကြားက ရုန်းကန်လှုပ်ရှားကြရတဲ့ အမျိုးသမီးဘဝတွေ၊ ဘဝအောင်မြင်ရေး အဆင့်ဆင့်တက်လှမ်းရာမှာ ချနင်းမိလိုက်တဲ့ ချစ်ခြင်းမုန်းခြင်းတွေကို “သစ်သီးခူး” မှာ ‘အောင်ဖြိုး’က ပြောပြထားတယ်။ မြန်မာ့လူနေမှုဘဝအခြေအနေများစွာထဲက ဖြစ်လေ့ဖြစ်ထ၊ တွေ့လေ့တွေ့ထရှိတဲ့ အကြောင်းအရာ၊ ဇာတ်လမ်းတွေပါပဲ။ ဒါပေမဲ့ စိတ်ဝင်စားစရာကောင်းတဲ့ရုပ်ရှင် ဖြစ်နေတယ်။

အညာဒေသမှာ ကြီးပြင်းလာပြီး မြန်မာမှုမြန်မာအနုပညာကို စိတ်ဝင်စားမှုကြီးလှတဲ့ ‘အောင်ဖြိုး’ဟာ “သစ်သီးခူး” မှာ မြန်မာ့ရေမြေ ဓလေ့ထုံးတမ်းကို သေသေသပ်သပ်၊ လှလှပပ၊ ကျစ်ကျစ်လျစ်လျစ်၊ ပိုင်ပိုင်နိုင်နိုင် ပြသထားနိုင်တယ်။ ဒီလိုပြသနိုင်ဖို့ ရုပ်ရှင်ဓာတ်ပုံပညာ၊ ဇာတ်ကောင်တွေရဲ့ ဝတ်စားဆင်ယင်မှု၊ ရုပ်ရည်ဟန်ပန်အမူအရာ၊ သူတို့နေထိုင်ရာ ပတ်ဝန်းကျင်၊ ကျင်လည်ရာဒေသ၊ ရိုးရာယဉ်ကျေးမှုအစဉ်အလာ၊ မြန်မာ့တေးဂီတအနုအရင့်တွေနဲ့ ရသပညာကို ရုပ်ရှင်မှာ သဘာဝကျကျ အကြောင်းအကျိုးညီညီ ထည့်သွင်းပြသထားတယ်။ ရုပ်ရှင်ဆိုတဲ့ အင်္ဂါရပ်ထဲမှာ အချိုးကျစွာ ညီညွတ်နေတဲ့ ရုပ်ရှင်ဖြစ်တယ်။

“သစ်သီးခူး” ရုပ်ရှင်ဟာ မြန်မာရုပ်ရှင်ကားလို့ ပြောနိုင်ပြနိုင်တဲ့ ရုပ်ရှင်တကားဖြစ်တယ်။ ရုပ်ရှင်ကြည့်သူအများစုနဲ့ ရုပ်ရှင်အကြောင်းပြောသူအများစုတို့ ပြောလေ့ရှိကြတဲ့ “မက်ဆေ့ချ် (ပညာပေးအချက်အလက်)၊ ဖျော်ဖြေရေးနဲ့ ဗဟုသုတ” ဆိုတာထက် ပိုမိုတဲ့ တန်ဖိုးတွေကို “သစ်သီးခူး” မှာ မြင်တွေ့ရနိုင်တယ်။ အနုပညာတန်ဖိုး၊ ယဉ်ကျေးမှုတန်ဖိုး၊ မြန်မာ့လူနေမှုဘဝတန်ဖိုး၊ သမိုင်းတန်ဖိုးနဲ့ မြန်မာအမျိုးသမီးများရဲ့လူနေမှုဘဝတန်ဖိုးတွေကို ထင်ဟပ်စေတယ်။ လက်ရှိ အသက်ရှင်ရပ်တည်နေတဲ့ မြန်မာတွေအကြောင်းကို ပြောပြနေတယ်။ ဒီတန်ဖိုးတွေထက် ပိုမိုကြီးမားတဲ့တန်ဖိုးကတော့ ရသအနုပညာခံစားမှုကတဆင့် ဘဝအသိအမြင်ကို ရစေတယ်ဆိုတဲ့ တန်ဖိုးပါ။ ဒီတန်ဖိုးကနေ လူသားအချင်းချင်းအကြားက နားလည်မှုကို တည်ဆောက်ရင်း သူ့အကြောင်း ကိုယ်သိ၊ ကိုယ့်အကြောင်း သူသိဖြစ်ပြီး စာနာစိတ်နဲ့ မေတ္တာတရား ထူထောင်လာနိုင်မယ်။ ‘အားလုံးပါဝင်သော လူမှုဘဝ’ ဆိုတဲ့ တန်ဖိုးကို နှလုံးသားက စာနာအသိနဲ့ နားလည်လာနိုင်မယ်။ ဒါဟာ “သစ်သီးခူး” ရုပ်ရှင်က ရလာနိုင်တဲ့ တန်ဖိုးတခု ဖြစ်လိမ့်မယ်။

“သစ်သီးခူး” ရုပ်ရှင်မှာ ပြည်တွင်းပြည်ပဈေးကွက်ဝင် ရုပ်ရှင်သရုပ်ဆောင်တွေ မပါဝင်ပါဘူး။ ခေါင်းဆောင် အမျိုးသမီးသရုပ်ဆောင်နှစ်ဦးဟာ အင်ဒီပဲန့်ဒင့်ရုပ်ရှင်နယ်ပယ်မှာ သရုပ်ဆောင် အတွေ့အကြုံ ရှိပြီး ရုပ်ရှင်ပညာရပ်ကို လေ့လာထားကြသူတွေ ဖြစ်တယ်။ ဒီလိုပဲ ရုပ်ရှင်မှာ ပါဝင်သူ အများစုဟာလည်း အင်ဒီပဲန့်ဒင့်ရုပ်ရှင်နယ်ပယ်မှာ ဇာတ်လမ်းတိုရုပ်ရှင်တွေနဲ့ အတွေ့အကြုံကောင်းတွေ ရှိကြသူတွေဖြစ်တယ်။ ရုပ်ရှင်ဇာတ်ကားကြီး (ဇာတ်လမ်းရှည်ရုပ်ရှင်) အတွက်တော့ “သစ်သီးခူး” မှာ အများစုဟာ ပထမဆုံးအတွေ့အကြုံ ဖြစ်တယ်။ သို့ပေမဲ့ ရုပ်ရှင်မှာ သူတို့ဟာ အကောင်းဆုံး ပါဝင်သွားနိုင်ကြတယ်။ ရုပ်ရှင်ဇာတ်ကားကောင်းတခုအဖြစ် နိုင်ငံတကာကို ထိုးဖောက်ဖို့ ညီညွတ်စွာ အကောင်းဆုံး အားထုတ်သွားကြတယ်။ ဒါဟာလည်း “သစ်သီးခူး” ကနေထုတ်ပြီး ချီးကျူးရမယ့် လေ့လာသင်ယူစရာတခုပါ။

“သစ်သီးခူး”ရုပ်ရှင်ကို ကားလိုဗီ ဗာရီ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် (Karlovy Vary International Film Festival, KVIFF) မှာ ၂၀၂၆ ခုနှစ် ဇူလိုင် ၇ ရက်ကနေ ၁၁ ရက်နေ့အထိ ပထမဆုံးအကြိမ် ပြသခဲ့တယ်။ ပြိုင်ပွဲဝင်ရုပ်ရှင် ၁၂ ကားအနက် ပြိုင်ပွဲဝင်မြန်မာရုပ်ရှင်ဇာတ်ကားတကားအဖြစ် ရွေးချယ်ပြသခွင့်ရခဲ့တယ်။ ပွဲတော်ရဲ့ အမြင့်ဆုံးဆု (Grand Prix) ဖြစ်တဲ့ ‘ဖန်ကမ္ဘာလုံးဆု (Crystal Globe)’ ကို ရရှိခဲ့တယ်။ ကားလိုဗီ ဗာရီ နိုင်ငံတကာရုပ်ရှင်ပွဲတော်ကို ချက်ပြည်သူ့သမ္မတနိုင်ငံမှာ ၁၉၄၆ ခုနှစ်ကတည်းက ကျင်းပခဲ့တယ်။ ၂၀၂၆ ခုနှစ် ဇူလိုင်လမှာ အကြိမ် ၆၀ မြောက် ပွဲတော်အဖြစ် ကျင်းပခဲ့ပြီး ဥရောပရဲ့ ဒုတိယသက်တမ်းရှည် ရုပ်ရှင်ပွဲတော်တခု ဖြစ်တယ်။ ကမ္ဘာ့ထိပ်တန်းရုပ်ရှင်ပွဲတော်တွေ ဖြစ်တဲ့ ‘ကန်း(Cannes)၊ ဘာလင်(Berlin)၊ ဗင်းနစ်(Venice)နဲ့ တိုကျို(Tokyo)’ စတဲ့ရုပ်ရှင်ပွဲတော်တွေလို ပထမတန်း(A-list) သတ်မှတ်ခံရတဲ့ ပွဲတော်တခုလည်း ဖြစ်တယ်။ ဒီလို ပွဲတော်မှာ အမြင့်ဆုံးဆုရတဲ့ မြန်မာရုပ်ရှင်ဇာတ်ကားသတင်းဟာ ပြည်တွင်းပြည်ပနဲ့ နိုင်ငံတကာစာမျက်နှာတွေမှာ ထိပ်တန်းအနုပညာသတင်း ဖြစ်သွားတယ်။

“မြန်မာရုပ်ရှင်ကား ကမ္ဘာကျော်ပြိုင်ပွဲရဲ့ အမြင့်ဆုံးဆုကို ရတယ်ဆိုတာ ကျနော့်တသက်မှာ ဒီတခါပဲ ကြားဖူးပါတယ်။ ဖန်တီးသူများအားလုံးကို ကျေးဇူးတင်ပါတယ်။ ဘယ်တော့မှ နောက်မကျဘူးဆိုတာ သက်သေပါပဲ” လို့ မြန်မာ့အတွေ့အကြုံရင့် ရုပ်ရှင်သမားကြီး ဇာဂနာက ဇူလိုင် ၁၃ ရက်မှာ လူမှုကွန်ရက်မီဒီယာပေါ်ကနေ ချီးကျူးအားပေးစကား ဆိုခဲ့တယ်။ ဒီစကားဟာ မြန်မာအချင်းချင်း ရုပ်ရှင်သမားအချင်းချင်းအကြား ထပ်တိုးဆုရတဲ့ မှတ်ချက်ပြုစကား ဖြစ်လိမ့်မယ်။ နိုင်ငံတကာ ရုပ်ရှင်စင်မြင့်ထက်ကို တက်လှမ်းခဲ့တဲ့၊ တက်လှမ်းနေတဲ့၊ တက်လှမ်းနိုင်မယ့် ရုပ်ရှင်သမားအားလုံးအတွက် “သစ်သီးခူး” ဟာ မြန်မာတွေ မညံ့ကြောင်း ပြနိုင်ခဲ့ခြင်းဖြစ်တယ်။

“သစ်သီးခူး” ရုပ်ရှင်အတွက် စိုက်ပျိုးခဲ့သူတွေဟာ အချိန်တွေ၊ အရည်အချင်းတွေ၊ အတတ်ပညာတွေ၊ ကျွမ်းကျင်မှုတွေ၊ စည်းလုံးမှုတွေအပါအဝင် ပါဝင်ရာကဏ္ဍ၊ ကျရာတာဝန်အလိုက် ညီညွတ်စွာ စုပေါင်းအားထုတ်ခဲ့ကြတယ်။ ဒီလိုအားထုတ်မှုတွေကြောင့် သူတို့ဟာ လတ်ဆတ်တဲ့ အသီးကောင်းတွေကို သစ်သီးခူးချိန်မှာ ဝမ်းသာအားရ ခူးဆွတ်နိုင်ခဲ့ကြတယ်။ “သစ်သီးခူးကြသူတွေ” ဟာ အကောင်းဆုံးအသီးတွေကို တပွေ့တပိုက်ကြီး ခူးဆွတ်ပြီး အများသူငါနဲ့ မျှဝေခံစားနိုင်ဖို့ အသင့်ဖြစ်နေကြပြီ။ သူတို့ ခူးဆွတ်လာတဲ့ သစ်သီးတွေဟာ ရှင်နေတဲ့အရုပ်တွေကတဆင့် နှလုံးသားတွေကို နူးညံ့စေဖို့ စိတ်ခွန်အားတွေ ဖြစ်လာမှာ အသေအချာဖြစ်တယ်။

[ “သစ်သီးခူး” ရုပ်ရှင်ကို ‘နန္ဒာမြတ်အောင်၊ နန္ဒာမြင့်လွင်၊ သီတာစိုးခန့်၊ တင်တင်အိ၊ မင်းညို’တို့က အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ထားပြီး ရုပ်ရှင်ဓာတ်ပုံပညာ ‘သိဒ္ဓိ’၊ တည်းဖြတ် ‘အယ်မလီဆွေ’ တို့နဲ့ ဒါရိုက်တာ ‘အောင်ဖြိုး’ က ရိုက်ကူးထားတယ်]

Bottom banner text comes here

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles