အာဏာရှင်စနစ်၏ အောင်မြင်သောထုတ်ကုန် စစ်ဗိုလ်ချုပ်ကြီးများ

စစ်တပ်က ပုံစံချလို့မရတဲ့၊ အဆိပ်အတောက်တွေကိုမစားသုံးတဲ့ မအောင်မြင်သောထုတ်ကုန်တွေက ဒီနေရာဒီရာထူးကို ဘယ်သောအခါမှ မရောက်နိုင်ပါဘူး။ နှစ်ကာလ ကြာရှည်စွာ စစ်ဆေးမှုစံနှုန်းအဆင့်ဆင့်၊ ဆန်ခါအဆင့်ဆင့်ကို အောင်အောင်မြင်မြင်ဖြတ်သန်းပြီးမှ ရောက်ရှိလာတယ်ဆိုတာကို သတိမမေ့ဖို့ လိုအပ်ပါတယ်။
ဗိုလ်ချုပ်ကြီး ငါးဦးကျန် ဘယ်သူတင်ကျန်မလဲ

မထင်မှတ်တာတွေ ထလုပ်တတ်ပြီး အရည်အချင်းထက် သစ္စာခံနိုင်မှုကိုသာ အလေးပေးတတ်တဲ့ စစ်ခေါင်းဆောင်ကြောင့် စစ်ကော်မရှင်ကပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်မီနဲ့ ရွေးကောက်ပွဲအလွန်ကာလတွေမှာ စစ်တပ်တွင်းရာထူးနေရာများစွာဟာ မထင်မှတ်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်အုံးမှာ အသေအချာဖြစ်ပါတယ်။
ရှန်ဟိုင်းပူးပေါင်းအဖွဲ့ (SCO) ဝင်ဖြစ်ရေး စစ်ကော်မရှင်၏ ကြိုးပမ်းမှု – ပြည်တွင်းပြည်ပ သက်ရောက်နိုင်ခြေများ

တော်လှန်ရေးလက်နက်ကိုင် အင်အားစုတွေအတွက်တော့ ဒါဟာ စိန်ခေါ်မှုတရပ် ဖြစ်စေပါတယ်။ တကယ်လို့သာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် သူတို့ရဲ့ မျှော်မှန်းချက် တောင်းဆိုမှုတွေကို ပိုပြီးအသံမမြှင့်နိုင်ဘူးဆိုရင် စစ်ကော်မရှင်ဟာ SCO ကို အသုံးချပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တော်လှန်ရေးလှုပ်ရှားမှုတခုလုံးကိုပါ အကြမ်းဖက်တံဆိပ် ကပ်လာပါလိမ့်မယ်။ အိမ်နီးချင်းနိုင်ငံတွေအတွက်လည်း အကြမ်းဖက်မှုတွေ ဖြစ်လာမယ်ဆိုပြီး ခြိမ်းခြောက်လာနိုင်ပါတယ်။
မြန်မာပြည်တွင် ရှင်သန်ရခြင်း၏ ဝန်ထုပ်ဝန်ပိုး

စစ်ကော်မရှင်အနေနဲ့ စစ်မှုထမ်းခိုင်းတဲ့အရသာကို ခံတွင်းတွေ့သွားပါပြီ။ အခုဆို အမျိုးသမီးစစ်မှုထမ်း အပတ်စဥ်တစ်ကိုတောင် စခေါ်လိုက်ပါသေးတယ်။ ဒါတွေကိုကြည့်ရင် ရွေးကောက်ပွဲအလွန်မှာလည်း စစ်မှုထမ်းကိစ္စကို ဖြေလျှော့ဖို့ မရှိနိုင်ပါဘူး။ ပဋိပက္ခအရှိန်လျော့ကျ(conflict de-escalation) လာရင်တော့ လူငယ်တွေ စစ်မှုထမ်းအန္တရာယ်လျော့မယ့် အခြေအနေရှိပါတယ်။
တရုတ်-အမေရိကန် မြေရှားလိုအင်နှင့် နယ်ရုပ်မြန်မာ
အမေရိကန်ကိုသာ တင်ပို့နိုင်ရင် လက်ရှိမှာ တရုတ်နိုင်ငံစျေးကွက်ကိုပဲ မှီခိုနေရတဲ့ မြန်မာ့မြေရှားသတ္တုတွေ စျေးပိုရနိုင်မယ်၊ ကချင်ပြည်နယ်က မြေရှားသတ္တုတွင်းတွေကို ထိန်းချုပ်ထားတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) လို တော်လှန်ရေးအဖွဲ့တွေအတွက် တရုတ်နိုင်ငံကို မှီခိုရတာ လျှော့နိုင်မယ်လို့ ယူဆကြတာတွေ ရှိပါတယ်။
ဆက်သွယ်မှုကျိန်စာသင့် ရခိုင်ပြည်
ပြည်သူထောက်ခံမှုရှိနေတဲ့ တော်လှန်ရေးအစိုးရတရပ်အနေနဲ့ ဆက်သွယ်ရေးလိုင်း၊ ဖုန်းလိုင်း၊ အင်တာနက်လိုင်း စတဲ့ ဆက်သွယ်ရေး နား၊ မျက်စိတွေကို ရခိုင်ပြည်သူတိုင်း လက်လှမ်းမီစေဖို့ (ဆိုးကျိုးမဖြစ်စေဘဲ) လွတ်လွတ်လပ်လပ် အသုံးပြုခွင့်ရအောင် ကြိုးပမ်းသင့်ပါတယ်။
ဗျူဟာမြောက် မြန်မာ့မြေရှား အိန္ဒိယဆီ သွားနိုင်မလား
မြန်မာ့မြေရှားသတ္တုတွေကို အမေရိကန်က မျက်စိကျနေချိန်မှာ ကွတ်အုပ်စု (Quad) ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ အိန္ဒိယအနေနဲ့ အရင်းအမြစ်ပြုပြင်ရေး၊ သန့်စင်ထားတဲ့ မြေရှားသတ္တုတွေကို အမေရိကန်နိုင်ငံဆီ တင်ပို့နိုင်ရေးအတွက် ကြားခံအဖြစ် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
စစ်ကြောင့်ကြေရသော မျိုးစေ့နှင့် ကျေးလက်ယဉ်ကျေးမှု
တောင်သူမိသားစုအချင်းချင်း ကောက်ပဲသီးနှံမျိုးစေ့တွေ လဲလှယ်တာနဲ့ ချစ်ကြည်ရင်းနှီးစွာ ကိုယ့်လယ်ကိုယ့်ယာ၊ ကိုယ့်အခင်းကိုယ့်ခြံတွေမှာ တဦးနဲ့ တဦး လုပ်အားပေးကြတဲ့ ဓလေ့တွေဟာလည်း စစ်ပွဲကြောင့် ပျက်ကုန်ပါတယ်။
စစ်ကောင်စီမှသည် စစ်ကော်မရှင်သို့ – စစ်ခေါင်းဆောင်၏ အာဏာကစားပွဲ
စစ်ခေါင်းဆောင်ဟာ အာဏာသိမ်းပြီး လေးနှစ်ခွဲအကြာမှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(စစ်ကောင်စီ)ဆိုတဲ့နာမည်ကို အဆုံးသတ်လိုက်ပြီး နာမည်သစ်နဲ့ ပြန်လည်ဖွဲ့စည်းလိုက်ပါပြီ။ ဒါကတော့ ‘နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်’ဆိုတာပါပဲ။ သူ့ကိုလည်း အရင်အတိုင်းပဲ စစ်ကော်မရှင်လို့ ခေါ်နေကြပါတယ်။ တခါ ကာလုံအတွက် ရာထူးအသစ်ဖန်တီးခန့်ထားလိုက်ပြန်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို ပြုပြင်ပြောင်းလဲဖို့ တိုက်တွန်းသံတွေ တော်လှန်ရေးအင်အားစုတွေအကြား ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ချိန်မှာ စစ်ကောင်စီက အပြောင်းအလဲကို အရင်လုပ်လိုက်တာပါ။ ဒါဟာ သူစီစဉ်ထားတဲ့ အချိန်ဇယားအရလို့လည်း ယူဆနိုင်ပါတယ်။ စစ်ကောင်စီရဲ့ အခုအပြောင်းအလဲဟာ ရွေးကောက်ပွဲကို စိတ်တိုင်းကျ ကျင်းပနိုင်ဖို့နဲ့ ရွေးကောက်ပွဲအလွန် အာဏာဆက်ကိုင်ထားနိုင်ဖို့အတွက် စနစ်တကျ ပြင်ထားတာကို မြင်ရပါတယ်။ ကာလုံလို့ အတိုကောက်ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို အာဏာသုံးရပ်ဖြစ်တဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးတွေကို ပြန်အပ်လိုက်ပြီလို့ ဆိုပါတယ်။ ဒီပြောင်းလဲလိုက်တဲ့ ပုံစံအသစ်ကို လည်ပတ်ဖို့ ယန္တရားလေးခု […]
စစ်ကောင်စီရွေးကောက်ပွဲ ဦးသိန်းစိန် ၂.၀ ဖြစ်မလာနိုင်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အုပ်စီးထားပြီး စစ်ဘက်နဲ့ အရပ်ဘက်ကို အသွင်ပြောင်းလူခွဲကစားကြမယ့် အခင်းအကျင်းမျိုးပဲ ဖြစ်လာမှာပါ။ ဒီရွေးကောက်ပွဲကို ဝင်ပြိုင်ကြမယ့် ပြည်တွင်းနိုင်ငံရေးပါတီတွေအနေနဲ့လည်း ‘ဦးသိန်းစိန် ၂.၀’ လို အခင်းအကျင်းမျိုး မျှော်လင့်ထားရင်တော့ မှားကြပါလိမ့်မယ်။
ကိုယ့်လုပ်အားဟာ မတရားမှုအတွက် တံခါးမဖြစ်စေပါနှင့်

အလုပ်ခေါ်သူကို တယ်လီဂရမ်ကတဆင့်သာ ဆက်သွယ်ခဲ့ရပြီး လုပ်ငန်းရှင်ဘက်က လုပ်ငန်းအကြောင်း ရှင်းရှင်းလင်းလင်း မပြော။ ဝေဝါးနေတယ်။ အလုပ်လျှောက်တဲ့ လုပ်ငန်းစဉ်အစမှာပဲ ပတ်စ်ပို့၊ Facebook ပရိုဖိုင်နဲ့ ကိုယ်ရေးကိုယ်တာပုံတွေကို တောင်းခံခဲ့တယ်။
တော်လှန်ရေးကာလ နိုင်ငံရေးဘောဂဗေဒရထားကြီး ဘယ်ဆီမောင်းနေလဲ
မှောင်ခိုစီးပွားရေးလည်း ကြောက်ခမန်းလိလိကို ကြီးထွားလာခဲ့ပါတယ်။ နဂိုကတည်းက ဒီလုပ်ငန်းတွေ အမြစ်တွယ်တည်ရှိနေခဲ့ပေမဲ့ အခုကာလမှာတော့ မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှုနဲ့ လောင်းကစားတွေရဲ့ အခန်းကဏ္ဍက အပြိုင်းအရိုင်းနဲ့ ထွားကျိုင်းလာခဲ့တာပါ။
တော်လှန်ရေးအတွင်း မျက်ခြည်မပြတ်သင့်သော ဇာတ်ကွက်များ

ဖြစ်ရပ်ကို ပုံဖော်တဲ့ ဇာတ်လမ်းတွေက လှည့်စားနိုင်စွမ်းရှိတာကြောင့် နိုင်ငံရေး မျက်နှာစာမှာ ဒီဇာတ်လမ်းတွေက ဖြစ်ရပ်ထက် ပိုပြီး ကြောက်စရာကောင်းပါတယ်။ လူတွေရဲ့ စိတ်ကို မသိမသာလေး လှည့်စားသွားနိုင်ပါတယ်။ … လူအများအကြား ဝေဝါးမှုတွေ ဖြစ်လာစေပါတယ်။
တောင်တောရယ်သာ
အရှေ့အလယ်ပိုင်းနိုင်ငံတွေကို အနောက်နိုင်ငံတွေက အာရုံစိုက်ပေမဲ့ မြန်မာ့အရေးမှာတော့ ထဲထဲဝင်ဝင်ပါဝင်နေတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံဆိုလို့ တရုတ်တနိုင်ငံပဲရှိပါတယ် … ဒီတော့ ကြိုက်ကြိုက်မကြိုက်ကြိုက် မြန်မာ့အရေးမှာ တရုတ်နိုင်ငံရဲ့ ပါဝင်နေမှုကို ဘယ်လိုနားလည်ကြမလဲ၊ ဘယ်လိုအသုံးချနိုင်မလဲဆိုတာက အရေးကြီးပါတယ်။
ရှေ့တိုးထမ်းပိုး နောက်ဆုတ်လှည်းထုပ်၊ အလွတ်မရှိသော ဘ၀များ
လူထုကတော့ ချီးကျူးစရာ ဆိုပေမဲ့ ရေကြီးလည်း သူ၊ ငလျင်လှုပ်လည်း သူ၊ ရွာက ပညာရေးနဲ့ ကျန်းမာရေး၊ သာရေးနာရေး ဆက်ကြေးလည်း သူဆိုတော့ လူမင်း မကယ်နိုင်၊ နန္ဒာလှိုင် မကယ်နိုင် ဖြစ်နေတယ်။ ဒီကြားထဲ ‘သူချစ်ခင်’ ကားကလေး ကြည့်မိတာ ‘ပေါကား၊ တောသား’ ဆိုပြီး ပြောခံရသေးတယ်။
