ပလ္လင်ကို ပြောင်းပြန်လှန်တော့ ဇောက်ထိုးကြီး ဖြစ်ရုံပေါ့

မိနန်းတို့ကို အရေးယူမည်ဆိုသည်ကား တလရနှင့် မအလကို တန်းညှိလိုက်သည်သို့။ တစ်ယောင်ဆောင်ထားသော ဘူတွေပေလော။ မင်းလုပ်သလို ငါတို့လည်းပြန်လုပ်မည်ဟူသည့် လက္ခဏာ။

​စစ်သုံ့ပန်းများကို မည်သို့တရားစီရင်မည်နည်း

နှစ်ဖက်စလုံးက သူသေကိုယ်သေ ရင်ဆိုင်တိုက်ခဲ့ပြီးမှ ဖမ်းမိတာ၊ လက်နက်ချတာဖြစ်လို့ ဒေါသတွေလည်း အနည်မကျသေးပါဘူး။ တိုက်ပွဲအတွင်းမှာ ကိုယ့်ဘက်က အဖိတ်အစဉ်ရှိခဲ့ရင် ပိုဆိုးပါလိမ့်မယ်။

တော်လှန်ကာလ၊ တော်လှန်ရေးနှင့် လိင်အကြမ်းဖက်မှု

ကျူးလွန်သူကို ပုဂ္ဂိုလ်ရေးနဲ့မရောထွေးစေဘဲ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ပါမှ ကျူးလွန်ခံရသူအတွက် စစ်မှန်တဲ့ တရားမျှတမှုဖြစ်သလို နောင်ဖြစ်လာမယ့် အမှုတွေကိုလည်း ကာကွယ်နိုင်မယ်လို့ ယူဆပါတယ်။ ဒါ့အပြင် ကျူးလွန်ခံရသူကို victim blaming မလုပ်ကြဘဲ စိတ်ပိုင်းဆိုင်ရာအရ ပြန်လည်ထူထောင်နိုင်စေဖို့ အကောင်းဆုံး ဆက်ပြီးကူညီပေးရမှာပါ။

ပိုဆင်းရဲလာသော ရန်ကုန်နှင့် …

ရန်ကုန်ဟာ အနယ်နယ်အရပ်ရပ်က ပြည်သူတွေအတွက် ကျောတခင်းစာနားခိုရာ ဖြစ်နေသေးပေမဲ့ အေးမြတဲ့ အရိပ်တော့ မဟုတ်ပါဘူး …
ဒါပေမဲ့ နဂိုကတည်းက ဖွံ့ဖြိုးမှုနည်းပါးတဲ့ ဒေသတွေ၊ စစ်ဘေးသင့် ဒေသတွေမှာတော့ မတွေးဝံ့ရဲလောက်အောင် ကျပ်တည်းဆင်းရဲနေပါတယ်။

ငါကြီးလာရင်… မပြည့်စုံတော့တဲ့ ဝါကျများ

လွတ်မြောက်နယ်မြေက ဗုံးခိုကျင်းထဲမှာ ကြောက်ရွံ့နေရတဲ့ ကလေးငယ်တွေရဲ့ မျက်လုံးတွေနဲ့ စစ်ကောင်စီထိန်းချုပ်ရာဒေသက ပန်းကုံးတွေ၊ ရေဘူးတွေ၊ စားဖွယ်တွေကို ရောင်းနေရတဲ့ ကလေးငယ်တွေရဲ့ လက်တွေဟာ မြန်မာပြည်ရဲ့ ပုံရိပ်ဖြစ်နေပါတယ်။

အာဆီယံ-မြန်မာအရွေ့ ခက်ဖွယ် ခက်ဖွယ်

တကယ်တော့ မြန်မာနိုင်ငံကို ဗဟိုပြုပြီး ကမ္ဘာကြီးနဲ့ အာဆီယံက လည်ပတ်နေတာ မဟုတ်ပါဘူး။ အခြား အရေးကြီးတဲ့ကိစ္စတွေ ဆွေးနွေးဖို့ များစွာရှိပါတယ်။ အထူးသဖြင့် အမေရိကန်သမ္မတ ထရန့်က သွင်းကုန်ခွန်တွေ ရာခိုင်နှုန်းမြင့်မားစွာ ချလိုက်တာကို ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာ ခေါင်းကိုက်နေကြရပါတယ်။

ကြိုတင်တွေးဆ ဆင်ခြင်တဲ့အလေ့အထ လိုနေတဲ့ မြို့ပြခန့်ခွဲမှု

မြို့ကြီးတွေဟာ ငလျင်ဘေးအတွက် ထိခိုက်လွယ်လွန်းတယ်။ ရာသီဥတုဘေး ခံနိုင်ဖို့အတွက် အဆင်သင့်မဖြစ်သေးဘူး။ ရန်ကုန်မှာ မြေကျွံမှုတွေ၊ ရေကြီးမှုတွေက နောက်ပိုင်းခပ်စိပ်စိပ်။ လျော့ကျလာဖို့ ဝေလာဝေး၊ ပိုတိုးလာဖို့ပဲရှိတယ်။ ဒါကြောင့် ကျနော်တို့ မြို့ကြီးတွေကို ဖြစ်သလို မဖွံ့ဖြိုးစေချင်တော့ဘူး။

ပြစ်ဒဏ်ခတ်တာ တရားမျှတဖို့အတွက် အဖြေလား

ပဋိပက္ခနဲ့ စစ်မက်တွေအကြား ထိခိုက်မှုများစွာနဲ့ နှစ်ရှည်လများဖြတ်သန်းလာတဲ့ မြန်မာနိုင်ငံထဲက လူထုအကြား တနေ့နေ့တချိန်ချိန် တရားမျှတမှုရှာဖွေကြ၊ အရေးဆိုကြရင် ပြစ်ဒဏ်ခတ်ခြင်းနည်းလမ်း(punitive justice) တခုတည်းကို စိတ်ခံစားချက်နောက်လိုက်ပြီး ရွေးချယ်ကြမှာ စိုးရိမ်မိပါတယ်။

စီဒီအမ်အိပ်မက်နှင့် ကြွေလွင့်ခဲ့သောမျှော်လင့်ချက်များ

ကြွေလွင့်သွားရတဲ့ မျှော်လင့်ချက်တွေကို တစစီ လိုက်ကောက်နေရတဲ့ စီဒီအမ်ပြည်သူတွေအတွက် နောက်ထပ်အိပ်မက်အသစ်ကို ဘယ်လိုထုဆစ်ပေးနိုင်မလဲဆိုတာ စိန်ခေါ်မှုတခုအဖြစ် လက်ခံနေရပါတော့တယ်။

ရခိုင်တော်လှန်ရေး လည်ပြန်

စစ်ဘောင်ကျယ်လာခြင်းဟာ တစုံလုံးသော လူထုအတွက် ကောင်းမွန်တဲ့လက္ခဏာတခုတော့ ဟုတ်မနေပါဘူး။ လူထုအနေနဲ့ ဒီစစ်ရေးအောင်မြင်တာတခုကိုပဲမြင်ပြီး လူ့ရပိုင်ခွင့်နဲ့ တန်ဖိုး ချိုးဖောက်ခံရမှုတွေကို သင်ပုန်းချေ၊ ညီမျှခြင်းချလိုက်ရုံနဲ့ မပြီးဘူးဆိုတာပါပဲ။

အတိတ်ဒုက္ခ၊ ပစ္စုပ္ပန်ဒုက္ခ၊ အနာဂတ်ဒုက္ခ

ပြည်သူတွေရဲ့ဒုက္ခကို နိုင်ငံရေးအမြတ်ထုတ်ခဲ့ကြတာ ကြာခဲ့ပါပြီ။ ဒီပြည်သူလူထုဟာ ခဏလောက်ဖြစ်ဖြစ် ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ရခြင်းနဲ့ ထိုက်တန်ပါတယ်။ အခုလိုမျိုး လက်တွေ့ဒုက္ခရောက်နေတဲ့အချိန်မှာ လက်ရှိဒုက္ခကိုပဲ ဖြေရှင်းကြရအောင်ပါ။ အတိတ်ကိုကော၊ အနာဂတ်ကိုကော ခဏမေ့ထားကြပါမယ်။ ဒီလိုပြောလို့လည်း ဆဲကြ၊ ဆိုကြဦးမှာပါ။ သေချာပါတယ်။

အဖြေလွှာတွေ မီးလောင်တာ ကျောင်းသားတွေ အပြစ်လား

ဒီဖြစ်စဉ်ရဲ့နောက်ကွယ်မှာ စီမံခန့်ခွဲမှု … အားနည်းချက်တွေ၊ တာဝန်ယူမှု ကင်းမဲ့မှုတွေ၊ ပညာရေးရဲ့ အခြေခံသဘောတရားနဲ့ ကျောင်းသားတွေအပေါ် နားလည်မှု အားနည်းတာတွေ ထင်ထင်ရှားရှား ပေါ်လွင်နေပါတယ်။​

မြန်မာ့ငလျင်ဘေးနှင့် ယောင်ခြောက်ဆယ် စစ်ကောင်စီ

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အုတ်ခဲတွေကို လက်ဆင့်ကမ်းသယ်လို့ကောင်းတုန်းပါပဲ။ စစ်ခေါင်းဆောင်တွေကရော ဘာလုပ်ပါသလဲ။ ငလျင်ဘေးသင့် နေရာတွေကို လိုက်ကြည့်၊ ကယ်ဆယ်ရေးအဖွဲ့တွေကို လိုက်နှုတ်ဆက်၊ ဟိုယောင်ယောင်၊ ဒီယောင်ယောင်နဲ့ အာဝါဒါးလုပ်နေတာကိုပဲ အများဆုံးတွေ့ရပါတယ်။

လဲနေသူ ထူပေးပါ၊ ဂုဏ်လုပွဲဝင်ပြီး ဂုဏ်မဆာပါနှင့်

အခုလို ‘ပြန်လည်ထူထောင်ရေးကာလ’ မှာ ကျမတို့အားလုံးရဲ့ ကူညီငွေတွေဟာ အဟုတ်အမှန် အကျိုးရှိရှိ စီးဆင်းနိုင်ဖို့ စိစစ်သင့်ပါပြီ။ ဂုဏ်မလုကြဘဲနဲ့ ပြည်သူလူထုတရပ်လုံးက ဂုဏ်ပြုချင်စရာအကောင်းဆုံး အလှူဖြစ်အောင် အဓိကနဲ့ သာမညကို ပိုင်းခြားပြီး  လှူဒါန်းသင့်ပါပြီ။

ငလျင်ဒဏ်ကြားက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ

ကမ္ဘာ့အလယ်မှာ အထီးကျန်မှု၊ မေတ္တာငတ်မွတ်မှု၊ အကူအညီမဲ့မှု၊ ဂုဏ်သိက္ခာမဲ့မှု၊
ခွဲခြားဆက်ဆံခံရမှုတွေနဲ့ များစွာသော စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ခံစားနေရတဲ့
မြန်မာပြည်သူတွေအတွက် … သက်ဆိုင်ရာမူဝါဒချမှတ်သူတွေ၊ အဖွဲ့အစည်းတွေအနေနဲ့
အရေးတကြီး ထည့်သွင်းစဉ်းစားရတော့မယ့် အခြေအနေဖြစ်ပါတယ်။