ကျားဖြန့်လက်ခုပ်ထဲက သူဌေးလောင်းများ

လောင်းကစားဆိုတာ သဘာဝအရ အနိုင်အရှုံး ရှိတတ်စမြဲ ဆိုပေမဲ့ စလော့ဂိမ်းတွေမှာတော့ အဲဒီလို မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဂိမ်းတွေကို တဖက်လူ (တချို့အခေါ် ကျားဖြန့်) တွေက ထိန်းချုပ်ထားပြီး သူတို့ လိုသလို လုပ်နိုင်လို့ပါပဲ။ …ဒီဂိမ်းတွေဟာ သာမန် application တွေလို မဟုတ်ဘဲ ဆော့ကစားသူရဲ့ ဖုန်းထဲက ကိုယ်ရေးအချက်အလက်တွေကိုပါ ရယူသုံးစွဲနိုင်ပါတယ်။

ရှမ်းမြောက်ချိန်ခွင်လျှာနှင့် နေပြည်တော်ခြေလှမ်း

ဦးမင်းအောင်လှိုင် ကမကထလုပ်မယ့် ငြိမ်းချမ်းရေးဖြစ်စဉ်ထဲ TNLA နဲ့ MNDAA တို့ ပါဝင်စီးမျောမှာလားဆိုတာဟာ ဦးမင်းအောင်လှိုင်က ဒီတပ်ဖွဲ့တွေရဲ့ နယ်မြေနဲ့ အာဏာစက်ကို ဘယ်လောက်အတိုင်းအတာအထိ တရားဝင်အသိအမှတ်ပြုနိုင်လဲ ဆိုတဲ့အပေါ်မှာ အဓိကမှီတည်နေသလို ဖြစ်နေပါပြီ။

နယ်စပ်ဒေသပြည်သူများကြားက အိန္ဒိယ-မြန်မာ ဆက်ဆံရေး

မြန်မာဘက်ခြမ်းက အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာကြတဲ့ ချင်းလူမျိုးတွေနဲ့ အိန္ဒိယဘက်ခြမ်းကနေ လက်ခံကြိုဆိုပေးကြတဲ့ မီဇိုမိသားစုတွေအတွက်တော့ အိန္ဒိယ-မြန်မာ ဆက်ဆံရေးဆိုတာ နယူးဒေလီအစိုးရရဲ့ ချဉ်းကပ်မှုသက်သက်နဲ့ အဓိပ္ပာယ်ဖွင့်ဆိုလို့ မရတော့ပါဘူး။ နှစ်ကာလရှည်ကြာ တည်ရှိခဲ့တဲ့ နယ်စပ်ဖြတ်ကျော် ဆွေမျိုးရင်းချာ ဆက်ဆံရေးတွေက အိန္ဒိယ-မြန်မာ ဆက်ဆံရေးကို သက်ရောက်မှု ရှိလာနေပါတယ်။

မသေရုံတမယ် ရှင်သန်နေရသော ဘဝများ

အရင်ကတော့ “အတတ်နိုင်ဆုံး အသက်ရှင်ပါ” ဆိုတဲ့စကားဟာ ခန္ဓာကိုယ် တည်ဆောက်ပုံ ပုံမှန်ရှိသူ၊ စိတ်အခြေအနေ ပုံမှန်ရှိနေသူတွေအတွက် သိပ်ပြီး မလိုအပ်ခဲ့ပါဘူး။ အခုတော့ “အတတ်နိုင်ဆုံး အသက်ရှင်ပါ” ဆိုတဲ့စကားဟာ မြန်မာပြည်သူတရပ်လုံးအတွက် လိုအပ်နေတဲ့ အားပေးစကားလေးတခွန်း ဖြစ်လာခဲ့ပါတယ်။

ဒဏ်သင့်ရဦးမည့် အညာမြေ – အယ်လ်နီညိုက ရောက်လာပြီ

မိုးရေကို အားပြုနေရတဲ့ အညာတောင်သူတွေဟာ အယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးခေါင်မယ့်အန္တရာယ်နဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ စစ်တပ်ရဲ့ နယ်မြေစိုးမိုးရေး လုပ်ဆောင်မှုတွေနဲ့ တော်လှန်ရေးတပ်တွေရဲ့ ခုခံမှုတွေ အရှိန်မြင့်နေချိန်မှာ အဖွဲ့အစည်း တဖက်ဖက်ဆီကနေ အယ်လ်နီညိုအတွက် ကာကွယ်မှု၊ ပြင်ဆင်မှုနဲ့ ကုစားမှု တစုံတရာ လုပ်ပေးနိုင်ပါ့မလားဆိုတာက မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

နယူးဒေလီသွားတောလား – မြန်မာ့အရေး အိန္ဒိယအစိုးရ၏ ချဉ်းကပ်မှု

“သမိုင်းကို ပြန်ကြည့်ရရင် ဆက်ဆံရေးဖြတ်လိုက်တာက ဆက်ဆံရေးရှိနေတာထက် ပိုကောင်းတဲ့ ရလဒ်တွေ မပေးနိုင်ဘူးဆိုတာ တွေ့ရမှာပါ။ … ဆက်ဆံရေး ဖြတ်လိုက်မယ်ဆိုရင် လေဟာနယ်တခုလို ဖြစ်သွားပြီး တခြားသူတွေ ဝင်နေရာယူလာပါလိမ့်မယ်။ … အဲဒီ တခြားသူတွေဆိုတာကလည်း ဒီမိုကရေစီအရေးကို စိတ်ဝင်စားတဲ့သူတွေ မဟုတ်ပါဘူး” လို့လည်း အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်က ပြောဆိုခဲ့ပါတယ်။

အတားအဆီးများကြားက ရွှေ့ပြောင်းလုပ်သားတို့၏ အိမ်ပြန်ခရီး

စစ်အုပ်စုကို မကြိုက်ပေမဲ့လည်း ကိုယ့်မိသားစုဆီ ပြန်နိုင်ဖို့ အခွန်ပေးရမယ်ဆိုရင်လည်း ပေးရမှာပေါ့။ မိသားစုနဲ့အကြာကြီးခွဲနေရပြီးတော့မှ ခဏတွေ့ရမှာလေ တန်ပါတယ်။ ဒါပေမဲ့ အခွန်ပေးရတာနဲ့တန်အောင် စိတ်ချမ်းသာမှုတော့ ရချင်တယ်။ ကျနော်တို့၊ ကျမတို့ သူများနိုင်ငံမှာ အခက်အခဲဖြစ်ရင် ကိုယ့်နိုင်ငံသံရုံးက ရှေ့ကနေ မားမားမတ်မတ်ရပ်ပြီး ကူညီတာမျိုး လိုချင်တယ်။

စီဒီအမ်မျဉ်းပြိုင်နှင့် လပ်နေသော စာသင်ခုံများ

ကြားကာလပညာရေးစနစ်က ခိုင်မာတဲ့အနာဂတ်နဲ့ ဘေးကင်းတဲ့စာသင်ခန်းကို ထိထိရောက်ရောက် မပေးနိုင်သေးချိန်မှာ အမိန့်အာဏာသုံးပြီး စာသင်ခန်းတွေကို ပိတ်ဆို့နေမယ်ဆိုရင် ရေရှည်မှာ ကလေးတွေရဲ့အနာဂတ် အမှောင်အတိ ဖုံးသွားမှာ သတိပြုစရာပါ။ စစ်တပ်ရဲ့ ထိုးစစ်တွေကို ဆန့်ကျင်ထောက်ပြသလိုပဲ တော်လှန်ရေးဘက်ကလည်း အာဏာရှင်ဆန်တဲ့ နည်းလမ်းမျိုးတွေ သုံးပြီး ကလေးတွေရဲ့ အနာဂတ်ကို ထပ်လောင်းပိတ်ဆို့တာမျိုး မလုပ်သင့်ပါဘူး။

အာရက္ခမြေမှ စစ်မှုထမ်းသောက

ရခိုင်လူထုဟာ အာရက္ခတပ်တော်က ပြဋ္ဌာန်းတဲ့ စစ်မှုထမ်းခေါ်ယူမှု (NDEP)ကို အရင်းခံစိတ်အရ လက်ခံကြပေမဲ့ ကျင့်သုံးတဲ့စနစ်ကြောင့် မလိုလားတာတွေ ရှိလာခဲ့တာလို့ ကြားသိရပါတယ်။… ရခိုင်လူထုအကြားမှာတောင် စိုးရိမ်စိတ်ရှိတဲ့ စစ်မှုထမ်းစုဆောင်းရေးဟာ အခြားလူ့အသိုက်အဝန်းတွေကိုပါ သက်ရောက်မှု ရှိလာတဲ့အခါမှာတော့ တင်းမာမှုတွေ ပိုကျယ်ပြန့်လာခဲ့ပါတယ်။

စစ်အာဏာရှင်များ၏ သမိုင်းလိမ်ဗျူဟာ

အာဏာရှင်တွေရဲ့ ဗျူဟာက ရေရှည်ပစ်မှတ် (long-term target) ကို သွားတာပါ။ သူတို့ရဲ့ပစ်မှတ်က ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိတဲ့သူတွေနဲ့ နောက်လာမယ့် မျိုးဆက်သစ်တွေပါ။ မြန်မာ့သမိုင်းမှာ အမှားကြာရင် အမှန်ဖြစ်သွားတတ်တဲ့ သာဓကတွေ အများကြီး ရှိခဲ့ဖူးပါတယ်။

စတေးခံလိုက်ရသော လုပ်အားများ

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းကာလအလွန်မှာတော့ တော်လှန်ရေးအတွက် ဆိုပြီး ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးစတဲ့နယ်ပယ်စုံမှာ အဖွဲ့ပေါင်းများစွာ တအုန်းအုန်းပေါ်လာသလို အဲဒီအဖွဲ့တွေမှာ အလုပ်လုပ်တဲ့ လူငယ်တွေ၊ CDM တွေနဲ့ တော်လှန်ရေးနိုင်လိုစိတ်တခုတည်းပဲ ကြည့်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေဟာလည်း ‘တော်လှန်ရေးအလုပ်’ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ခေါင်းပုံဖြတ်ခံနေရတုန်းပါပဲ။

မူဝါဒတခြား လူထုတခြား – နေပြည်တော်နှင့် ဝေးခဲ့ပြီ

ဖွံ့ဖြိုးရေးအစီအမံတွေနဲ့ တခြားမူဝါဒတွေဆိုတာ ဘယ်လောက်ပဲ နည်းနာအရ ပြည့်စုံပါစေ၊ အုပ်ချုပ်သူနဲ့ လူထုအကြား အချိတ်အဆက် မရှိ၊ လက်ခံယုံကြည်မှု မရှိရင် အလကားပဲလို့ မြင်လာပါတယ်။ တတိုင်းပြည်လုံးရဲ့တိမ်းညွတ်မှု (national mood) က ဘယ်လို ရှိနေသလဲ ဆိုတာကလည်း အရေးကြီးတယ်လို့ မြင်ပါတယ်။​

မည်သို့ချည်မှ မြဲမည်နည်း

ပြည်မအတိုက်အခံတွေအနေနဲ့ နွေဦးတော်လှန်ရေးမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ ပါဝင်မှုအတိမ်အနက်ကို အမှန်၊ အမှား၊ တရားမျှတမှုနဲ့ ကိုယ်ကျင့်ရှုထောင့်တွေထက် အကျိုးစီးပွားချင်း ဘယ်လောက် တွဲချည်ထားနိုင်မလဲဆိုတာအပေါ် မူတည်ပြီး မှန်းဆသင့်တယ်လို့ ဆိုချင်ပါတယ်။

သယံဇာတ မြေစာပုံထက်က အသံမဲ့ ဒဏ်ရာများ

နိုင်ငံကြီးတွေမှာ လေထုသန့်စင်သွားဖို့၊ ပတ်ဝန်းကျင် စိမ်းလန်းဖို့အတွက် ကျနော်တို့ဆီမှာ မြေတွေ ပြို၊ တောင်တွေ ပြောင်၊ မြစ်တွေ ခန်းပြီး လူတွေ အဆိပ်သင့်နေရတာဟာ သိပ်ကို ရင်နာစရာကောင်းတယ်။

မြန်မာစစ်အာဏာရှင်တို့၏ အလုပ်ဖြစ်နေဆဲ အကွက်ဟောင်းများ

နိုင်ငံရေးဦးဆောင်သူတွေ အပါအဝင် လူအများစု သတိမပြုမိတဲ့၊ ကျယ်ကျယ်လောင်လောင် မပြောကြတဲ့ ဖြစ်ရပ်တခု ရှိနေပါတယ်။ အဲဒါကတော့ ထိပ်တန်းစစ်ဘက်ဆိုင်ရာ ရာထူးအပြောင်းအလဲတွေ၊ လွှတ်တော်နဲ့ သမ္မတရွေးချယ်မှုတွေကို စိတ်ဝင်စားနေခဲ့ကြချိန်မှာ အာဏာရှင်က အရေးပါတဲ့ ဥပဒေပိုင်းဆိုင်ရာ ပြဋ္ဌာန်းမှုတွေ၊ ပြင်ဆင်မှုတွေ လုပ်ခဲ့တာပါပဲ။