ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
31 Oct 2025
,

မြန်မာပြည်တောင်ဖျားက ကျိန်စာ

ပတ်ဝန်းကျင်အန္တရာယ်များကို သိလျက်နှင့် မူဝါဒများမချမှတ်ဘဲ ဆက်လက်တူးဖော်ခွင့်ပြုနေပါက ၎င်းတို့သည် ဒေသခံပြည်သူ၏ ရေရှည်အကျိုးစီးပွားကို လျစ်လျူရှုခြင်းပင်ဖြစ်သည်။ ထိုသို့ လျစ်လျူရှုခြင်းသည် တော်လှန်ရေး၏ နိုင်ငံရေးအနှစ်သာရနှင့် ရည်မှန်းချက်ကနေ လက်တွေ့တွင် လွဲချော်နေပြီဟု ဆိုနိုင်မည်ဖြစ်သည်။
28 Oct 2025
,

မြန်မာပြည်ပြန်ကြမှာလား – ရွှေ့ပြောင်းမြန်မာတွေဖြစ်လာဖို့ ဆွဲငင်အားနှင့် တွန်းထုတ်အား

ကျနော့်မိတ်ဆွေ ထိုင်းလူမျိုးတွေဆီကလည်း ကြားနေကျတခုရှိပါတယ်။ “မင်းတို့နိုင်ငံမှာ ဒီလောက်အခြေအနေတွေဆိုးနေတာတောင် မင်းတို့လူမျိုး အလုပ်သမားတွေက ဘယ်အချိန်မေးမေး အိမ်မပြန်တော့ဘူးလို့ တခါမှ မဖြေကြဘူး” တဲ့။
24 Oct 2025
,

တော်လှန်ဘုရား အဆူဆူနှင့် နွေဦး၏ စက်ခေါင်းများ

ပြောလည်း ပြော၊ ကြောက်လည်း ကြောက်ရသည်။ ပွင့်တော်မူကုန်ပြီးသော တော်လှန်ဘုရားများ၊ ပွင့်တော်မူလတ္တံ့သော ဗျာဒိတ်တော်ရ ကိုယ်တော်များ ရွှေစိတ်တော် ငြိုငြင်မှာစိုးသည်။ ထို့ကြောင့် ဤစာစုကို ဖတ်မိရင်း “ငါ့များ ပြောနေသလား”ဟု တွေးမိကုန်ကြလျှင် “ဟုတ်တယ် ခင်ဗျားကို ပြောနေတာပါပဲခင်ဗျာ”ဟူ၍ တဦးဆိုင်နာမ် တွေးပေးစေလိုသည်။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,
21 Oct 2025
,

မြန်မာ့အရေး အမေရိကန်-ဘင်္ဂလားဒေ့ရှ် မဟာဗျူဟာနှင့် အိန္ဒိယနိုင်ငံအပေါ် သက်ရောက်မှုများ

စိတ်ဝင်စားစရာကောင်းတာက အမေရိကန်ဟာ ဘင်္ဂလားဒေ့ရှ်ကို နောက်ခံထားပြီး မြန်မာနိုင်ငံအတွင်းမှာ လျှို့ဝှက်စစ်ဆင်ရေး ပြုလုပ်ဖို့ တိတ်တဆိတ်လုပ်ဆောင်နေခဲ့တာပါ။ အမေရိကန်အရာရှိတွေဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီလတုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ အာရက္ခတပ်တော် (AA) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF)တို့ရဲ့ ကိုယ်စားလှယ်တွေနဲ့ လျှို့ဝှက်တွေ့ဆုံခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။
16 Oct 2025
,

‘ကယ်တင်ရှင်’တို့၏အလွန် – စိမ်းလန်းသော  မျှော်လင့်ချက်များဆီသို့ (ရေတံခွန်အောက်က ရှုပ်ထွေးသော အရိပ်များ)

စစ်ရေးအရ အောင်မြင်မှုဟာ နိုင်ငံရေးအရ အောင်မြင်မှုနဲ့ ထပ်တူမကျပါဘူး။ လုံခြုံရေးပေးတယ်ဆိုတာ လက်နက်အင်အားနဲ့ ရန်သူကို ချေမှုန်းရုံသက်သက် မဟုတ်ဘဲ ပြည်သူလူထုရဲ့ နေ့စဉ်ဘဝကို ထိခိုက်မှု အနည်းဆုံးဖြစ်အောင် စီမံခန့်ခွဲတတ်ဖို့ အရေးကြီးပါတယ်။
14 Oct 2025
,

ဓားသွား မကြွေ၊ လှံမခွေဖို့

ဘယ်သူနိုင်နိုင် ငါတို့ကတော့ ဘာမှမရဘူးဆိုတဲ့ အမြင်မျိုးတွေ လူတွေထဲမှာ ရှိနေမယ်ဆိုရင်တော့ လူထုအနေနဲ့ အုပ်စုနှစ်ခုဖြစ်တဲ့ စစ်ပွဲလို့သဘောထားပြီး စိတ်ပျက်စွာပဲ စောင့်ကြည့်နေရုံထက် ပိုတော့မှာမဟုတ်ပါဘူး။ အဲဒီလိုအမြင်တွေ အမြစ်တွယ်သွားမယ်ဆိုရင်တော့ ဆိုးသွားပါပြီ။
9 Oct 2025
,

လွတ်မြောက်နယ်မြေတဲ့လား

လွတ်မြောက်ခြင်းဆိုတဲ့ ဝေါဟာရထဲမှာ လွတ်လပ်စွာသွားလာခွင့်၊ လွတ်လပ်စွာစီးပွားရေးလုပ်ပိုင်ခွင့်၊ လွတ်လပ်စွာပညာသင်ကြားခွင့်၊ လွတ်လပ်စွာပြောဆိုခွင့် စတဲ့အရာတွေ ကပ်ပါနေတာမို့ ဒီလွတ်မြောက်နယ်မြေဆိုတာတွေမှာ ဒါတွေကို အဲဒီနေရာတွေမှာ နေထိုင်သူအားလုံး ခံစားကြရပါပြီလား။
2 Oct 2025
,

ဒုတိယကမ္ဘာစစ်အတွင်းက လီဒိုလမ်းမ – အိန္ဒိယအရှေ့မြောက်ဒေသနှင့် မြန်မာပြည်မြောက်ပိုင်းစီးပွားရေးကို ပြောင်းလဲစေနိုင်မလား

ကူးသန်းသွားလာဖို့ ဒီလမ်းကြောင်းကို နှစ်ထောင်ချီ အသုံးပြုခဲ့ပြီး ဗြိတိသျှတွေကလည်း မဟာဗျူဟာမြောက် လွှမ်းမိုးနိုင်ဖို့ ပြန်လည်အသုံးပြုခဲ့တာပါ...လီဒိုလမ်းမ ပြန်လည်ဖွင့်လှစ်ရေးဟာ ကမ္ဘာ့ ဒုတိယနဲ့ စတုတ္ထ စီးပွားအဖွံ့ဖြိုးဆုံးနိုင်ငံတွေအပါအဝင် နိုင်ငံသုံးခုကို ချိတ်ဆက်ပေးထားလို့ ကုန်းတွင်းပိတ် ဖြစ်နေတဲ့ အိန္ဒိယအရှေ့မြောက်ဒေသအတွက် အပြောင်းအလဲကြီးကို ယူဆောင်လာမှာ ဖြစ်ပါတယ်။
30 Sep 2025
,

မော်စကိုပြန် စစ်ခေါင်းဆောင် – ငွေကုန်ကြေးကျများလှသော သံခင်းတမန်ခင်း

ဒီလှုပ်ရှားမှုတွေဟာ စစ်တပ် ဒါမှမဟုတ် စစ်ခေါင်းဆောင်နဲ့ နီးစပ်တဲ့ ရေပေါ်ဆီထိပ်သီး လူနည်းစုက ဦးစီးတဲ့ နိုင်ငံဗဟိုပြု အကျပ်အတည်း စီမံခန့်ခွဲမှုပုံစံ ဖြစ်ပါတယ်။ နိုင်ငံရေးအရ ဆက်လက်ရှင်သန်ရေး၊ နိုင်ငံတကာ တရားဝင်မှုနဲ့ ရေပေါ်ဆီ လူနည်းစုအလွှာရဲ့ အကျိုးစီးပွားတွေကို ဦးစားပေးချင်တာ ဖြစ်ပါတယ်။ အများပြည်သူကို အကျိုးဖြစ်တဲ့ စီးပွားရေး နာလန်ထရေး ဒါမှမဟုတ် လူမှုဖွံ့ဖြိုးရေးတို့ကို ဦးစားမပေးပါဘူး။
25 Sep 2025
,

ကျနော်တို့ အညာမှာ ဒီလိုပဲ ရှိတယ်

ကျနော်တို့ အိမ်လည်း ဖျက်ဆီးခံရတဲ့ထဲ ပါသွားပြီလို့ သတင်းပေးကြတယ်။ ဘယ်သူ့ကိုရယ်လို့ မဟုတ်၊ အဆောက်အအုံ နည်းနည်းကောင်းနေတယ်ဆိုရင် တော်လှန်ရေးဘက်က ပုန်းခိုနိုင်တယ်ဆိုပြီး သူတို့ စက်တပ်လေထီးနဲ့ မျက်စိထဲမြင်သမျှကို ဗုံးချသွားတာပဲ။ အဲဒီတော့ ရွာဦးဘုန်းကြီးကျောင်းရယ်၊ စာသင်ကျောင်းရယ်၊ ရွာထဲက အိမ်ကြီးတွေနဲ့ သူ့ဘေးပတ်လည်က အိမ်တွေ အကုန်ထိတော့ပါပဲ။
23 Sep 2025
,

အာဏာရှင်စနစ်၏ အောင်မြင်သောထုတ်ကုန် စစ်ဗိုလ်ချုပ်ကြီးများ

စစ်တပ်က ပုံစံချလို့မရတဲ့၊ အဆိပ်အတောက်တွေကိုမစားသုံးတဲ့ မအောင်မြင်သောထုတ်ကုန်တွေက ဒီနေရာဒီရာထူးကို ဘယ်သောအခါမှ မရောက်နိုင်ပါဘူး။ နှစ်ကာလ ကြာရှည်စွာ စစ်ဆေးမှုစံနှုန်းအဆင့်ဆင့်၊ ဆန်ခါအဆင့်ဆင့်ကို အောင်အောင်မြင်မြင်ဖြတ်သန်းပြီးမှ ရောက်ရှိလာတယ်ဆိုတာကို သတိမမေ့ဖို့ လိုအပ်ပါတယ်။
18 Sep 2025
,

ဗိုလ်ချုပ်ကြီး ငါးဦးကျန် ဘယ်သူတင်ကျန်မလဲ

မထင်မှတ်တာတွေ ထလုပ်တတ်ပြီး အရည်အချင်းထက် သစ္စာခံနိုင်မှုကိုသာ အလေးပေးတတ်တဲ့ စစ်ခေါင်းဆောင်ကြောင့် စစ်ကော်မရှင်ကပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်မီနဲ့ ရွေးကောက်ပွဲအလွန်ကာလတွေမှာ စစ်တပ်တွင်းရာထူးနေရာများစွာဟာ မထင်မှတ်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်အုံးမှာ အသေအချာဖြစ်ပါတယ်။
16 Sep 2025
,

ကျမတို့သည် သစ်ကုလားအုတ်များ မဟုတ်ပါ

ကောင်းကင်ကြီးက ကြည်လင်နေကာ ကြယ်ကလေးများ တလုံးနှစ်လုံးပင်မြင်နေရသည်။ မူ့ဖော်ကတော့ နေ့လယ်က အဖြစ်အပျက်ကို တွေးမိကာ ငြိမ်နေမိသည်။ ထို့နောက်မှ သတိရသွားကာ “ဂျရာ့ဖ်ဆိုတာဘာလဲသိလား” ဟူ၍ ဘူးမြာကို မေးမိသည်။ ဘူးမြာကတော့ အဝေးရှိ အမှောင်ထုကို ငေးလျက်နှင့်ပင် “သစ်ကုလားအုတ်ကိုခေါ်တာ”ဟု ခပ်လေးလေးပြောသည်။ မူ့ဖော်၏ ပါးနှစ်ဖက်တွင် ပူခနဲဖြစ်သွားသည်။
11 Sep 2025
,

ဘီယာမရှိသော ရခိုင်ပြည်

တောအရက်အနည်းငယ်ကို လက်ညှိုးမှာ ဆွတ်ပြီး မီးရှို့ကြည့်တဲ့အခါ ဟုန်းခနဲ မီးထတောက်တတ်ပါတယ်။ ဒီလို မီးလောင်ကျွမ်းနေတာဟာ မက်သနောဓာတ်များစွာပါနေတဲ့ အဆိပ်ငွေ့ဖြစ်တယ်...ဆိုတော့ မိတ်ဆွေတို့ အာရက္ခဒေသသို့ အလည်လာခဲ့ရင် ရှိတာလေးနဲ့ပဲ တည်ခင်းဧည့်ခံပါရစေလို့… ။
9 Sep 2025
,

အိုးစားဖက်ကို ဘယ်လိုရွေး

စစ်မျက်နှာ ပတ်လည်ဝိုင်းနေဆဲ စစ်ကော်မရှင်ဟာ စစ်မြေပြင်မှာ ဘယ်တပ်ဖွဲ့တွေနဲ့ လက်တွဲတိုက်မလဲဆိုတာ စံနှုန်းသုံးချက်နဲ့ ရွေးချယ်နေတယ်လို့ အနုမာနပြုချင်ပါတယ်။ ဒီစံနှုန်းတွေကတော့ စစ်ကော်မရှင်တပ်နဲ့ စစ်စီးပွားရေးအရ ကျေးဇူးခံ-ကျေးဇူးစား ဆက်ဆံရေး နက်နက်ရှိုင်းရှိုင်းရှိိနေတာ၊ သက်ဆိုင်ရာဒေသမှာ အာဏာကို အပြည့်အဝခြေကုပ်ယူထားနိုင်တာနဲ့ စစ်ကော်မရှင်ရဲ့ နိုင်ငံရေးဇာတ်ညွှန်းအတိုင်းသာ လိုက်ပါကပြတာတွေပဲ ဖြစ်ပါတယ်။
1 5 6 7 8 9 13