ISP COlumn

From Noise to Voice: Encouraging Youth's Perspectives
14 Jul 2025
,

ကြံ့ကြီးဘယ်ရောက်သွားလဲ – ခြေရာလည်းပျောက်၊ ရေလည်းနောက် ဓားစာခံဘဝများ

ဒီအရပ်မှာ ပြောစမှတ်တခုက ဘာလဲဆိုတော့ ကျားဖြန့်ဖမ်းပွဲကြီးလာတော့ တရုတ်တွေ အထုပ်အပိုးတွေထမ်းပြီး ပြေးကြသတဲ့။ ... လေးငါးရက်လောက်နေတော့ အထုပ်အပိုး တွေနဲ့ပဲ သူတို့ ပြန်ရောက်လာကြသတဲ့။ လက်ထဲမှာ မြန်မာမှတ်ပုံတင်ကတ်ကလေးတွေတောင် အဆစ်ပါလာကြသေးဆိုပဲ။
11 Jul 2025
,

တော်လှန်ရေးအတွင်း မျက်ခြည်မပြတ်သင့်သော ဇာတ်ကွက်များ

ဖြစ်ရပ်ကို ပုံဖော်တဲ့ ဇာတ်လမ်းတွေက လှည့်စားနိုင်စွမ်းရှိတာကြောင့် နိုင်ငံရေး မျက်နှာစာမှာ ဒီဇာတ်လမ်းတွေက ဖြစ်ရပ်ထက် ပိုပြီး ကြောက်စရာကောင်းပါတယ်။ လူတွေရဲ့ စိတ်ကို မသိမသာလေး လှည့်စားသွားနိုင်ပါတယ်။ ... လူအများအကြား ဝေဝါးမှုတွေ ဖြစ်လာစေပါတယ်။
7 Jul 2025
,

ပညာရှာ ပိုက်ဆံဘယ်မှာလဲ

ရန်ကုန်လို စစ်ဘေးကင်း လုံခြုံတဲ့နေရာက ကလေးငယ်တွေရဲ့ ပညာရေးအခြေအနေကို အခုလိုတွေးမိတော့ စစ်မီးလျှံကြား၊ ဗုံးကြဲလေယာဉ်တွေကြားထဲ စာသင်ရင်း ဗုံးခိုကျင်းထဲပြေးကြရတဲ့ ကလေးငယ်တွေရဲ့ဘဝတွေဟာ ကျမမျက်စိထဲ ရောင်ပြန်ဟပ်ပြီး မျက်ရည်ဝိုင်းလာပါတော့တယ်။

ISP Columns article page middle banner

HELLKO (PSLO/PSLA) and the Ta’ang National Liberation Army (TNLA) during specific time periods. Ta’ang (Palaung) armed insurgencies started in 1963. Over the course of nearly 15 years, the TNLA has been active in townships in northern Shan State and Mogok Township in the Mandalay region. Notably, following the Operation 1027,
4 Jul 2025
,

ကိုယ့်ဓားဖြင့်ကိုယ် တရားစီရင်စရာမလိုသောစနစ်

ဘယ်သူတွေက ဘယ်တရားစီရင်ရေးစနစ်ကို အခြေခံပြီး လည်ပတ်ကြမလဲဆိုတာမျိုးတွေ တိတိကျကျ မဖော်ဆောင်နိုင်သေးသရွေ့ ပြည်သူတွေကတော့ လူမှုပြစ်ဒဏ်ကိုပဲ မရှိသုံး သုံးနေကြရဦးမယ့်သဘော ရှိပါတယ်။ ကိစ္စတခုခု၊ ဖြစ်ရပ်တခုခုပေါ်ပေါက်လာရင် ဆိုရှယ်မီဒီယာမှာ ဝိုင်းအော်ကြ၊ ဝိုင်းဝန်းမျှဝေကြတာကလည်း ဒီသဘောပါပဲ။
1 Jul 2025
,

လူမှုပြစ်ဒဏ်၊ လူမှုတရားမျှတရေးနှင့် လူအုပ်စုလိုက် စုန်းဖမ်းဓလေ့

တရားရေးကို အားကိုးမရတဲ့အခင်းအကျင်းမှာ လူမှုပြစ်ဒဏ်ကို သုံးကြရမှာဖြစ်တယ်။ ဒါပေမဲ့ social punishment အစား ဆိုရှယ်မီဒီယာ သိက္ခာချဆွမ်းကြီးလောင်းခြင်းနဲ့ လူအုပ်ဖွဲ့ စုန်းဖမ်းပွဲပဲဖြစ်ရင် ကျူးလွန်ခံရသူအတွက် survivor-centered ချဉ်းကပ်မှုဟာလည်း အနှစ်သာရ ပျက်စီးသွားပါလိမ့်မယ်။
25 Jun 2025
,

တောင်တောရယ်သာ

အရှေ့အလယ်ပိုင်းနိုင်ငံတွေကို အနောက်နိုင်ငံတွေက အာရုံစိုက်ပေမဲ့ မြန်မာ့အရေးမှာတော့ ထဲထဲဝင်ဝင်ပါဝင်နေတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံဆိုလို့ တရုတ်တနိုင်ငံပဲရှိပါတယ် ... ဒီတော့ ကြိုက်ကြိုက်မကြိုက်ကြိုက် မြန်မာ့အရေးမှာ တရုတ်နိုင်ငံရဲ့ ပါဝင်နေမှုကို ဘယ်လိုနားလည်ကြမလဲ၊ ဘယ်လိုအသုံးချနိုင်မလဲဆိုတာက အရေးကြီးပါတယ်။
23 Jun 2025
,

စီသုံးဦးနေသော အိမ်

စီဒီအမ် ဥပဒေ ထွက်လာချိန်မှာ ပိုနေမြဲ ကျားနေမြဲ ကျမနဲ့ စီဒီအမ်လုပ်ရင်း အကျိုးရှိသွားတဲ့ အစ်မက လူ့အခွင့်အရေးတွေနဲ့ ချိန်ထိုးပြီး ဒီဥပဒေကို ဝေဖန်ဖြစ်ကြပေမဲ့ နစ်နာခဲ့ရသူ အစ်မရှေ့မှာတော့ ပြောမထွက်ပါဘူး။
20 Jun 2025
,

ရှေ့တိုးထမ်းပိုး နောက်ဆုတ်လှည်းထုပ်၊ အလွတ်မရှိသော ဘ၀များ

လူထုကတော့ ချီးကျူးစရာ ဆိုပေမဲ့ ရေကြီးလည်း သူ၊ ငလျင်လှုပ်လည်း သူ၊ ရွာက ပညာရေးနဲ့ ကျန်းမာရေး၊ သာရေးနာရေး ဆက်ကြေးလည်း သူဆိုတော့ လူမင်း မကယ်နိုင်၊ နန္ဒာလှိုင် မကယ်နိုင် ဖြစ်နေတယ်။ ဒီကြားထဲ ‘သူချစ်ခင်’ ကားကလေး ကြည့်မိတာ ‘ပေါကား၊ တောသား’ ဆိုပြီး ပြောခံရသေးတယ်။
18 Jun 2025
,

ပလ္လင်ကို ပြောင်းပြန်လှန်တော့ ဇောက်ထိုးကြီး ဖြစ်ရုံပေါ့

မိနန်းတို့ကို အရေးယူမည်ဆိုသည်ကား တလရနှင့် မအလကို တန်းညှိလိုက်သည်သို့။ တစ်ယောင်ဆောင်ထားသော ဘူတွေပေလော။ မင်းလုပ်သလို ငါတို့လည်းပြန်လုပ်မည်ဟူသည့် လက္ခဏာ။
16 Jun 2025
,

​စစ်သုံ့ပန်းများကို မည်သို့တရားစီရင်မည်နည်း

နှစ်ဖက်စလုံးက သူသေကိုယ်သေ ရင်ဆိုင်တိုက်ခဲ့ပြီးမှ ဖမ်းမိတာ၊ လက်နက်ချတာဖြစ်လို့ ဒေါသတွေလည်း အနည်မကျသေးပါဘူး။ တိုက်ပွဲအတွင်းမှာ ကိုယ့်ဘက်က အဖိတ်အစဉ်ရှိခဲ့ရင် ပိုဆိုးပါလိမ့်မယ်။
13 Jun 2025
,

တော်လှန်ကာလ၊ တော်လှန်ရေးနှင့် လိင်အကြမ်းဖက်မှု

ကျူးလွန်သူကို ပုဂ္ဂိုလ်ရေးနဲ့မရောထွေးစေဘဲ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ပါမှ ကျူးလွန်ခံရသူအတွက် စစ်မှန်တဲ့ တရားမျှတမှုဖြစ်သလို နောင်ဖြစ်လာမယ့် အမှုတွေကိုလည်း ကာကွယ်နိုင်မယ်လို့ ယူဆပါတယ်။ ဒါ့အပြင် ကျူးလွန်ခံရသူကို victim blaming မလုပ်ကြဘဲ စိတ်ပိုင်းဆိုင်ရာအရ ပြန်လည်ထူထောင်နိုင်စေဖို့ အကောင်းဆုံး ဆက်ပြီးကူညီပေးရမှာပါ။
9 Jun 2025
,

ရန်ကုန်၏ အခြားမျက်နှာစာ

နိုင်ငံက အရင်လိုအခြေအနေ လွယ်လွယ်နဲ့ ပြန်ရောက်မလာနိုင်တာကို နိုင်ငံရေးနားမလည်တဲ့သူတောင် သိပါတယ်။ ဒါကြောင့်လည်း ရေနွေးအိုးထဲ အထည့်ခံရတဲ့ ဖားတွေလို မသေမချင်း ဒီအိုးထဲမှာပဲ ပျော်ပျော်ကြီး ကူးခတ်နေကြတာ ဖြစ်မယ်။
6 Jun 2025
,

ပိုဆင်းရဲလာသော ရန်ကုန်နှင့် …

ရန်ကုန်ဟာ အနယ်နယ်အရပ်ရပ်က ပြည်သူတွေအတွက် ကျောတခင်းစာနားခိုရာ ဖြစ်နေသေးပေမဲ့ အေးမြတဲ့ အရိပ်တော့ မဟုတ်ပါဘူး ... ဒါပေမဲ့ နဂိုကတည်းက ဖွံ့ဖြိုးမှုနည်းပါးတဲ့ ဒေသတွေ၊ စစ်ဘေးသင့် ဒေသတွေမှာတော့ မတွေးဝံ့ရဲလောက်အောင် ကျပ်တည်းဆင်းရဲနေပါတယ်။
2 Jun 2025
,

ငါကြီးလာရင်… မပြည့်စုံတော့တဲ့ ဝါကျများ

လွတ်မြောက်နယ်မြေက ဗုံးခိုကျင်းထဲမှာ ကြောက်ရွံ့နေရတဲ့ ကလေးငယ်တွေရဲ့ မျက်လုံးတွေနဲ့ စစ်ကောင်စီထိန်းချုပ်ရာဒေသက ပန်းကုံးတွေ၊ ရေဘူးတွေ၊ စားဖွယ်တွေကို ရောင်းနေရတဲ့ ကလေးငယ်တွေရဲ့ လက်တွေဟာ မြန်မာပြည်ရဲ့ ပုံရိပ်ဖြစ်နေပါတယ်။
1 Jun 2025
,

ဝပ်ကျင်းလေလော၊ နေအိမ်လော

အဆောင်နေသူတို့ရဲ့ဘဝတွေအကြောင်း၊ အဆောင်လုပ်ငန်းတွေအကြောင်း ဘယ်ဝန်ကြီး၊ ဘယ်ဌာန၊ ဘယ်ကိုယ်စားလှယ်က ဆွေးနွေးပြောဆိုခဲ့တယ်ဆိုတာကို မကြားခဲ့ရပါဘူး။ လူတယောက် နေထိုင်ဖို့အတွက် အဆောက်အအုံဟာ သင့်လျော်တဲ့ အခင်းအကျင်း၊ ဖွဲ့စည်းမှု၊ ကြံ့ခိုင်မှု စတဲ့ လူမှုရေး၊ ကျန်းမာရေး၊ လုံခြုံရေးကြပ်မတ်မှုတွေလည်း ရှိပုံမပေါ်ပါဘူး။
1 7 8 9 10 11 13