စည်ကားနေသော မြို့ပျက်ကြီး

မြစ်ကြီးနားမြို့ဟာ လက်တွေ့မှာ တရားဥပဒေစိုးမိုးမှုကင်းမဲ့နေပြီး ငွေများသူနဲ့ လက်နက်ရှိတဲ့သူတွေ ကြီးစိုးတဲ့မြို့ ဖြစ်နေပါတယ်။ တခါက သူငယ်ချင်းကို “မြစ်ကြီးနားက အခု ဘယ်သူစိုးမိုးနေတာလဲ” ဆိုပြီး စနောက်မိတော့ “ဟိုနေ့ကတော့ မြို့လယ်ခေါင်မှာ ပြည်သူ့စစ်အရာရှိတဦးကို KIA က လာဖမ်းသွားတယ်၊ ဟိုနေ့ကတော့ ဟိုဘက်ရပ်ကွက်မှာ PDF တပ်သားဆိုတဲ့သူကို စစ်တပ်က လာဖမ်းသွားတယ်” ဆိုပြီး ပြန်ဖြေလေရဲ့။
မိုးပြိုလုလု – တော်လှန်ရေးကာလ ကျန်းမာရေးအကျပ်အတည်း

နိုင်ငံရေးသမားတွေနဲ့ ပြည်သူလူထုအကြား ဦးစားပေးမှု မတူညီကြပါဘူး။ နိုင်ငံရေးသမားတွေအဖို့ တော်လှန်ရေးပန်းတိုင်တွေက ပိုဦးစားပေးစရာဖြစ်ပေမဲ့ ဒေသခံပြည်သူတွေအဖို့တော့ အသက်ရှင်သန်ရေးက နေ့စဉ်နဲ့အမျှ ရုန်းကန်နေရတဲ့ကိစ္စပဲ ဖြစ်ပါတယ်။ ဒီလို ဦးစားပေးမှု မတူညီတာရဲ့ အကျိုးဆက်က တော်လှန်ရေးရဲ့ ရေရှည်တည်တံ့မှုကိုပါ ခြိမ်းခြောက်လာနေပါတယ်။
မလူးသာ မလွန့်သာ မြစ်ဧရာ

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေရော လူထုကပါ အာဏာရှင်လက်က လွတ်မြောက်ရေးဆိုတဲ့ အချက်ကိုသာ အလေးပေးလာကြပြီး မြစ်ဆုံအရေးကို လျစ်လျူရှုရင်း ကာကွယ်စောင့်ရှောက်သူတွေအဖြစ်ကနေ တိတ်ဆိတ်နေရသူတွေ ဖြစ်လာသလို တချို့တွေကတော့ ကိုယ်တိုင်ကျူးလွန်သူတွေနဲ့ ပူးပေါင်းပါဝင်သူတွေ ဖြစ်လာကြပါတယ်။
စစ်သည်အိပ်မက်

ငြိမ်းချမ်းရေးက အမြဲလိုအပ်ပါတယ်။ လူငယ်တွေကို အသံပိတ်စေတဲ့ ငြိမ်းချမ်းရေးမဟုတ်ဘဲ သူတို့အိပ်မက်တွေကို လိုက်နိုင်အောင် လမ်းဖွင့်ပေးတဲ့၊ မျှတမှုရှိပြီး ရေရှည်တည်တံ့နိုင်တဲ့ ငြိမ်းချမ်းရေးတခုသာ လိုအပ်ပါတယ်။ လူတွေကို အသက်ရှင်နေထိုင်ရုံမကဘဲ အနာဂတ်ကို မျှော်လင့်နိုင်အောင် လုပ်ပေးနိုင်တဲ့ ငြိမ်းချမ်းရေးမျိုးပါ။
မွန်လူငယ်များ၏ ပြည်ပထွက်ခွာလိုစိတ်ကို ရောင်းကုန်အဖြစ် အသုံးချခြင်း

စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက်ပိုင်းမှာ စစ်မှုထမ်း ဥပဒေကို ရှောင်တိမ်းရတာက ပြည်ပကို ထွက်ခွာဖို့ အရင်ထက် ထူးကဲတဲ့ ဖိအားတခု ဖြစ်လာပါတယ်။ ဒါ့အပြင် မွန်လူငယ်တွေအကြား ပြည်ပထွက်ခွာလိုတဲ့ စိတ်ဆန္ဒကို ရောင်းကုန်အဖြစ် အသုံးပြုလာတဲ့ ပညာရေးဝန်ဆောင်မှုအမည်ခံလုပ်ငန်းတွေ ပေါ်ပေါက်လာတာကလည်း အရင်နဲ့ မတူတဲ့ ထူးခြားချက်တခုပါ။
တပ်ပြေးပြဿနာ အဖြေရှာ
တပ်ဖွဲ့တခုကနေ တပ်သားနှစ်ဦး ထွက်ပြေးပြီး စစ်တပ်ဘက်ကို ခိုလှုံသွားခဲ့ပါတယ်။ ဒါပေမဲ့ ဘာကြောင့် သူတို့ တပ်ပြေးရသလဲဆိုတာကို အဖြေရှာတာ မတွေ့ရဘဲ “သစ္စာဖောက်၊ လောက်ကောင်၊ ယောကျ်ားတွေမှ မဟုတ်တာ၊ ရပ်တည်ချက် မမှန်ကန်လို့၊ မင်းတို့အတွက် နောင်တရဖို့ အခွင့်အရေး မရှိတော့ဘူး” စသဖြင့် ဝေဖန်ဆဲဆိုတာတွေကိုပဲ တွေ့ခဲ့ရပါတယ်။
ဟိုးရှေးရှေးတုန်းက မဟုတ်တဲ့ ပုံပြင်သုံးပုဒ်

စစ်တပ်က ငြိမ်မနေပါဘူး။ နိုင်ငံတကာနဲ့ ပြန်ဆက်ဆံလာတယ်။ နယ်မြေတချို့ ပြန်ယူတယ်။ ရွေးကောက်ပွဲလုပ်တယ်။ တရုတ်ရဲ့ ဩဇာက ပိုထက်လာပြီး အနောက်အုပ်စုက အားလျော့သွားသလို စစ်ဆင်ရေး ၁၀၂၇ နောက်ပိုင်း တိုက်ပွဲအရှိန်ကလည်း ကျလာပါတယ်။ ဒီအချက်တွေကို ကြည့်ရင် မနီးမဝေးကာလမှာ စစ်ရေးနဲ့ အမြစ်လှန်ဖို့ဆိုတာ ဖြစ်နိုင်ခြေ နည်းသွားတာကို တွေ့ရမှာပါ။
သူမတူ သန်စွမ်းကြသူများ

၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းအရ မြန်မာပြည်လူဦးရေရဲ့ ၁၃ ရာခိုင်နှုန်းလောက်ဟာ မသန်စွမ်းဘဝနဲ့ အသက်ရှင်ရပ်တည်နေကြပါတယ်။ … တဦးတယောက်ချင်းစီကနေ လူ့အဖွဲ့အစည်းတရပ်လုံးအထိ မသန်စွမ်းတွေအပေါ် ထားရှိတဲ့ သေးသိမ်တဲ့ ထင်မြင်ယူဆချက်တွေကို ပြောင်းလဲပစ်ရပါမယ်။
လူငယ်၊ ပေါ်တာ၊ လောင်စာ

လူငယ်တွေကို လိုအပ်တိုင်း ထုတ်သုံးလို့ရမယ့် စစ်သားအဖြစ်ပဲ မြင်နေမယ်ဆိုရင် အောင်ပွဲရတဲ့အခါ တိုင်းပြည်တည်ဆောက်ရေးမှာ ထိထိရောက်ရောက် ပါဝင်နိုင်မယ့်လူ ရှားပါးသွားပြီး နွမ်းပါးစုတ်ဖွာနေတဲ့ မြေပုံအပျက်တခုကိုသာ ပိုင်ဆိုင်ရပါလိမ့်မယ်။
စွမ်းအင်အကျပ်အတည်း သရောကြီးခိုင်းချိန် – the Down of the State

လက်ရှိကြုံတွေ့နေရတဲ့ စက်သုံးဆီအကျပ်အတည်းက ပြည်တွင်းတည်ငြိမ်ရေးနဲ့ ပြည်တွင်းပြည်ပမှာ တရားဝင်ရေးကနေ မျက်နှာရချင်နေတဲ့ စစ်အစိုးရအတွက် ထိုးနှက်ချက်တခုပါပဲ။ တကယ်တော့ စစ်တပ်က စီမံနေတဲ့ ဣရိယာပုတ် အပြောင်းအလဲဟာ ‘The Dawn of a New State’ မြန်မာ့မျက်နှာစာသစ် မဟုတ်ဘဲ ‘The Down of the State’ သရောကြီးခိုင်းချိန်ပဲ ဖြစ်နေပါတယ်။
တော်လှန်ရေးကာလအတွင်း ချန်လှပ်ခံထားရဆဲ ဂျန်ဒါအရေး

ဂျန်ဒါအရေးကိုယ်တိုင်က အလုပ်သမားအရေးလို အကျိုးစီးပွားအရေးထက် သရုပ်လက္ခဏာအရေး ပိုဆောင်တာကြောင့် နဂိုကပဲ မြေပြင်မှာ သရုပ်လက္ခဏာကို ကျော်လွန်ပြီး လူပေါင်းစုံပါဝင်တဲ့ စုစည်းမှုဖြစ်ဖို့ ခဲယဉ်းတတ်ပါတယ်။ ဒီကြားထဲမှာ အရပ်ဘက်အဖွဲ့အစည်းတွေက စံနှုန်းတန်ဖိုးတွေကိုပဲ pdf file ထုတ်ပြောနေတော့ မြေပြင်မှာ လှုပ်ရှားမှုတွေက ခြေကုပ်ရဖို့ ပိုခက်စေပါတယ်။
အိမ်နီးချင်း၏ ရောင်စုံခြယ်နိုင်ငံရေးဇာတ်ခုံ

အာဏာလက်ကိုင်ပြုထားသူတွေက နည်းမျိုးစုံနဲ့ ဖိနှိပ်ပြီး ဇာတ်သိမ်းပေးဖို့ ကြိုးစားခဲ့ပေမဲ့ လူငယ်တွေကတော့ ‘လဲလေ ပိုထလေ’ဆိုတဲ့ ပစ်တိုင်းထောင် စိတ်ဓာတ်နဲ့ အမြဲတမ်း ပြန်လာပါတယ်။ ဒါကြောင့်လည်း ဒီလူငယ်တွေဟာ အပိုင်တွက်လို့မရတဲ့ ရင်ဆိုင်ရ အလှဆုံး ပြိုင်ဘက်ကောင်းတွေ ဖြစ်လာတာပေါ့။ ဝါရင့်နိုင်ငံရေးသမားကြီး အနုတင်အတွက်လည်း ဒီလိုပဲ ဖြစ်ခဲ့မှာပါ။
ဘွိုင်းကော့လုပ်ခြင်းနှင့် အစားထိုးရွေးချယ်စရာ ရှားပါးမှု

ပြည်တွင်းမှာ ကျန်ရစ်သူတွေအနေနဲ့ စစ်တပ်နဲ့ဖက်စပ်လုပ်ငန်းတွေကလာတဲ့ ဝန်ဆောင်မှုတွေ၊ စားသောက်ကုန်တွေကို မသုံးရင် ဘာကိုအစားထိုးသုံးရမလဲဆိုတာ အခုအချိန်မှာ ဝေခွဲမရ ဖြစ်နေကြပါပြီ။ စီးပွားရေးလုပ်ငန်းစုကြီးတွေကို စစ်တပ်ရဲ့ ပင်မကုမ္ပဏီတွေဖြစ်တဲ့ MEC နဲ့ MEHL တွေသာမက စစ်တပ်နဲ့ နီးစပ်သူတွေ၊ စစ်တပ်အကျိုးစီးပွားကို ဖော်ဆောင်ပေးနေသူတွေကပဲ လွှမ်းမိုးပိုင်ဆိုင်ထားတာကို တွေ့ရလို့ပါပဲ။
ရန်ကုန်အိပ်မက်ကို စွန့်ခွာသွားကြသူများ

ရန်ကုန်အိပ်မက်အတွက် ပြန်ပြင်လို့မရနိုင်လောက်အောင် အဆိုးရွားဆုံး ပျက်စီးဆုံးရှုံးမှုကတော့ အိပ်မက်မက်သူတွေ ကိုယ်တိုင် ပျောက်ဆုံးသွားခြင်းပါပဲ။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ လူငယ်တွေရဲ့ အနာဂတ်တံခါးဝကို သံမှိုရိုက်ပြီး အသေပိတ်လိုက်သလို ဖြစ်သွားခဲ့တယ်။
ဆယ်လီတွေက နိုင်ငံရေးဦးဆောင်သူတွေလား

ဆယ်လီတွေက ပြည်သူတွေကို နိုင်ငံရေးတရား တက်ဟောတာတို့၊ နိုင်ငံရေးသိပ္ပံထဲက အကြောင်းအရာတွေကို ကိုယ်နားလည်သလို ပြောနေတာတို့ကတော့ အကျိုးထက် အဆိုးက ပိုများပါလိမ့်မယ်။ သတင်းစာဆရာကြီး လူထုစိန်ဝင်းရဲ့ ဆောင်းပါးတွေထဲက ‘ရက်တိုသင်တန်းတက်ပြီး ဆရာကြီးလုပ်သူ’ ဆိုတာမျိုး ဖြစ်သွားနိုင်ပါတယ်။
